အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က အကယ်၍ ကုလသမဂ္ဂ အနေနဲ့ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား စမ်းသပ်မှုအပေါ် နောက်ထပ်အရေးယူမှု တွေထပ်မလုပ်ဘူးဆိုရင် သူ့အနေနဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်တဲ့ နိုင်ငံတွေကို ဒဏ်ခတ်ပိတ်ဆို့ ဖို့ သမ္မတရဲ့ အထူးအခွင့်အာဏာအရ သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ လက်မှတ်ထိုးနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ကပြောဆိုလိုက်ပါတယ်။

“ကျွန်တော့် အနေနဲ့ သမ္မတရဲ့ အထူးအခွင့်အာဏာအရ သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ လက်မှတ်ထိုးနိုင်ဖို့ အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီအခွင့်အာဏာအရ မြောက်ကိုရီးယား နဲ့ ကုန်သွယ်မှု ကိုတားမြစ်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ ကုန်သွယ်တဲ့ မည်သည့်နိုင်ငံကို မဆို အရေးယူမှု တွေပြုလုပ်ဖို့ ကျုပ်မှာ အခွင့်အာဏာရှိလာမှာ ပဲဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

“သမ္မတ ထရန့်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ရဲ့ အရေးယူမှု ရှိမရှိ ပေါ်မှာ မူတည်ပြီး မြောက်ကိုရီးယား အပေါ် သင့်လျော်တဲ့ အချိန်မှာ အရေးယူမှု ပြုလုပ်မှာ ဖြစ်ပါတယ်” လို့ မြောက်ဒါကိုတာ ပြည်နယ်မှာ အစိုးရအခွန်ပြုပြင်ပြောရေးနဲ့ပတ်သက်ပြီး သမ္မတ ထရန့် မိန့်ခွန်းပြောကြားပြီးရာမှ ၀ါရှင်တန်သို့ အပြန် လေယာဉ်ခရီးစဉ်မှာ သတင်းထောက်တွေ ကို သူကပြောကြားခဲ့တာပဲ ဖြစ်ပါတယ်

Source: Reuters News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။