စားချင်စဖွယ်ဟင်းအသွယ်သွယ် ဆိုပြီး နာမည်ပေးရင်ကောင်းမလားပရိသတ်ကြီးရေ။

ဒီတခေါက် ဆိုင်မှာ စားရတာအားမရသူတွေအနေနဲ့ အိမ်မှာ မိသားစု သူငယ်ချင်းတွေနဲ့ ၀၀လင်လင်စားလို့ရတဲ့ ရေချိုပုစွန်ထုပ်ကင်နည်းလေး တင်ပေးလိုက်ပါတယ်။

ပင်လယ်စာစားသောက်ဆိုင်တွေမှာပုစွန်ကင်၊ပုစွန်ပေါင်းမှာယူစားသုံးသူတွေကိုအ့ံသြမိတာ

အမှန်ပါ။တကယ်ဆိုပုစွန်ကင်၊ပုစွန်ပေါင်းစတဲ့ ဟင်းပွဲတွေအတွက်ပေးရတဲ့တန်ဖိုးနဲ့မညီမျှဘူးလို့ထင်မိတာပါပဲ။ကိုယ်တိုင်ကင်စား၊ပေါင်းစား

တော့မပင်ပန်းပဲဝဝလင်လင်စားလို့ရတာပေါ့။

ရေချို ပုစွန်ထုပ်...........၅၀ကျပ်သား

ဆား........................အနည်းငယ်

ဟင်းချက်ဝိုင်အရက်....အနည်းငယ်

သံပုရာသီး................၁ခြမ်း

ပုစွန်တွေကိုရေဆေးသန့်စင်ပြီးဆား၊ဟင်းချက်ဝိုင်အရက်၊သံပုရာသီးညှစ်ပြီး(၁၀)မိနစ်

ခန့်အရသာနယ်ပြီးနှပ်ထားပါ။

ပုစွန်မီးကင်ရန်မီးဖိုကိုပြင်ဆင်ထားပါ။

ထိုစဉ်အတွင်းချဉ်ငံစပ်ဆော့စ်ရည်စပ်ကြရအောင်။

ငရုတ်သီးစိမ်း.............၁၅တောင့်

ကြက်သွန်ဖြူ............... ၁၀တက်

ငါးငံပြာရည်................၃ဇွန်း

သံပုရာရည်.................၃ဇွန်း

သကြားရည်................၂ဇွန်း

နံနံပင်........................အနည်းငယ်

ဇလုံတစ်ခုအတွင်းမှာငါးငံပြာရည်၊သံပုရာရည်၊သကြားရည်တို့်ကိုနှံ့နေအောင်မွှေပေးပါ။

နုပ်နုပ်စဉ်းထားတဲ့ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ ၊

နံနံပင်တို့ထည့်ပြီးသမအောင်မွှေပေးပါ။

ဆော့စ်ရည်လဲအသင့်ဖြစ်ပြီ၊မီးရှိန်လဲကောင်းလာပြီဆိုရင်သံဇကာခံထားသောမီးဖိုမှာပုစွန်ထုပ်တွေကိုမွှေးပြီးကျက်လာသည်အထိကင်ပေးပါ။

ကဲ ဒါဆိုရင်တော့ အရမ်းစားကောင်းတဲ့ ပုစွန်ထုပ်ကင် ရပြီပေါ့ ။

Source :Win naing Thein25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။