သမ္မတ ထရမ့်ကတော့ အမေရိကန်မှာ ကလေးဘဝကတည်းက နိုင်ငံရွေပြောင်းလာသူတွေအနေနဲ့ နိုင်ငံထဲကနေနှင့်ထုတ်ခံရမယ်အရေး အကာအကွယ်ပေးတဲ့စီမံကိန်းကို လက်လွတ်ဆုံးရှုံးရဖွယ်ရှိနေတာနဲ့ပက်သက်ပြီး အမေရိကန်ကွန်ဂရက်အနေနဲ့သင့်တော် မယ်အဖြတစ်ခုကို ရှာတွေ့မယ်မျှော်လင့်ကြောင့် ပြောဆိုထားပါတယ်။

အရင်သမ္မတ ပြဌာန်းခဲ့တဲ့ပေါ်လစီဟာ အခြေခံဥပဒေနဲ့ မညီတာကြောင့် ကွန်ဂရက်အနေနဲ့ အစားထိုးဖိုပေါ်လစီတစ်ခုရေးဆွဲဖို့အတွက် ကွန်ဂရက်အနေနဲ့အချိန် (၆)လ ကြာဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ လူသစ်တွေလျှောက်ခွင့်ရှိမှာမဟုတ်ပဲ ကျန်တဲ့လူငယ် (၈)သိန်းဟာလည်း သူတို့အတွက်ကင်းလွတ်ခွင့် (၂) နှစ်ပြီးတာနဲ့ အလုပ်လုပ်ခွင့် (သို့)စာသင်ခွင်ပါဆုံးရှုံးမှာဖြစ်ပါတယ်။

ဒီလိုလုပ်လိုက်ခြင်းဖြင့် အမေရိကန်မှာရှိတဲ့လက်တင်အမေရိကန်တွေဟာ အများဆုံးထိခိုက်နိုင်ဖွယ်ရှိပြီး မကဆီကိုနဲ့ အယ်ဆာဗေဒေါ ကလူတွေအတွက်များစွာထိခိုက်နိုင်ပါတယ်။သူတို့အစိုးရကလဲ စိုးရိမ်မကင်းဖြစ်နေကြပါပြီး။

ဒီလုပ်ရက်ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့သမ္မတ အိုဘားမားကတော့ ပြောဆိုထားပါတယ်။

သတင်းအရင်းအမြစ် - bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။