အခုဆိုရင်တော့ မိုးရာသီက ကုန်လုနီးပါး ဖြစ်နေပါပြီ။ မကြာခင်မှာပဲ ခရီးသွားရာသီကို ရောက်တော့မှာမို့ ခရီးသွားတဲ့အခါ မမေ့သင့်တဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ချင်ပါတယ်။ တစ်ချို့ဆိုရင် အခုချိန်ကတည်းကတောင် ခရီးအတွက် စီစဉ်နေကြပြီ၊ လက်မှတ်တွေ ၀ယ်ထားပြီးကြပါပြီ။ စိတ်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ ပျော်ချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို ဖော်ပြလို်က်ပါတယ်။

ခရီးသွားတဲ့အခါ မမေ့သင့်တဲ့ အရာလေးတွေ

- စီစဉ်ထားသော လက်မှတ်ကို သေချာစွာ ထည့်ပါ။

- မဖြစ်မနေ သယ်သွားရမဲ့ အရာတွေကို စာရင်းပြုစုပြီး စီစဉ်ပါ။

- နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင် တို့ကိုလည်း သေချာစွာ ထည့်ပါ။

- ပစ္စည်းတွေကို သိုသိုသိပ်သိပ်နဲ့ အထုတ်အပိုး ပြင်ပါ။

ပစ္စည်းလေးတွေကို သိုသိုသိပ်သိပ်ထည့်နည်းနှင့် သယ်သွားရမဲ့ အရာလေးတွေ

- ဖိနပ်တွေနဲ့ ၀တ်ပြီးသား အဝတ်တွေ အတွက် ခရီးဆောင်အိတ်ထဲမှာ တခြားအရာတွေနဲ့ မရောဘဲ သပ်သပ်ထည့်ဖို့အတွက် သတင်းစာ၊ ကျွတ်ကျွတ်အိတ်တို့ ယူသွားသင့်ပါတယ်။

- ဖိနပ်သယ်မယ်ဆိုရင် ခရီးဆောင်အိတ်ရဲ့ အောက်ဆုံးမှာ ထည့်သင့်ပါတယ်။

- မျက်မှန်၊ နာရီ၊ ရေမွှေးပုလင်း .. တို့ကို ဘူးလေးနဲ့ဖြစ်ဖြစ် မကျိုး၊ မပျက်စီးအောင် ထည့်သင့်ပါတယ်

- တစ်ချို့ Cosmetics, Skin Care တွေကိုလည်း ဗူးအသေးလေးထဲ လိုသလောက် ပြောင်းထည့်ပြီး သယ်သွားသင့်ပါတယ်။

- တစ်ရက်၊ နှစ်ရက် ခရီးသွားရုံနဲ့ Eye shadow လိမ်းချင်တယ်ဆိုရင်လည်း နားကြပ်ဂွမ်းလေးတွေမှာ ကိုယ်သုံးချင်တဲ့ အရောင်လေးတွေကို ပွတ်ပြီး ယူသွားရင် သင့်တော်ပါတယ်။ ဗူးလိုက် သယ်စရာ မလိုတော့တာကြောင့် သယ်ရတာလဲ သက်သာပါတယ်။

- ရာသီဥတုက ခန့်မှန်းလို့ ရတဲ့ အရာမဟုတ်လို့ အဝတ်အစားကို အပူအတွက်ရော၊ အအေးအတွက်ရော တစ်စုံလောက် ပိုထည့်သွားသင့်ပါတယ်။

- Power Bank, ဖုန်းအားသွင်းကြိုး .. စတဲ့ နေ့စဉ်သုံးပစ္စည်းတွေကိုလည်း မေ့နေတာမျိုး မဟုတ်ဘဲ မဖြစ်မနေ သယ်သွားသင့်ပါတယ်။

သတင်းအရင်းအမြစ် - မင်္ဂလာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။