ဟာရီကိန်းမုန်တိုင်း Irma ရဲ့ မုန်တိုင်းဗဟိုချက်ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဘာဘူဒါ ကျွန်းပေါ်ကနေ တိုက်ရိုက်ဖြတ်သန်းသွားခဲ့ပါတယ်။ ကျွန်းရဲ့ ၆၀ ရာခိုင်နှုန်း ဖြစ်တဲ့ လူပေါင်း ၁၄၀၀ လောက်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အိမ်တွေဟာ လုံးဝဖျက်ဆီးခြင်းခံလိုက်ရပါတယ်။ ကျန်ရှိ တဲ့အိမ်တွေဆိုရင်လည်း အမိုးတွေ လန်ထွက်ကုန်ပါတယ်။ လို့ ၀န်ကြီးချုပ် Gaston Browne က ပြောကြားခဲ့ပါတယ်။

လမ်းတွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေ အားလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ ပြန်လည်တည်ဆောက်ဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။ နှစ်နဲ့ချီပြီး လည်းကြာသွားနိုင်ပါတယ်။ မိသားစုတစ်စုဟာ မုန်တိုင်းကျရောက်နေစဉ် အိမ်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့တာကြောင့် ၂ နှစ်သားကလေးငယ် တစ်ယောက် သေဆုံးခဲ့ရပါတယ်။ လို့ဝန်ကြီးချုပ် က အေပီ သတင်းဌာန ကိုပြောကြားခဲ့ပါတယ်။

ပူတာ ရီကို ကျွန်းပေါ်မှာ လည်း လူပေါင်း ၅၀၀၀၀ လောက်ဟာ ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ကျွန်းရဲ့တစ်ဝက် လောက်ဟာ လျှပ်စစ်မီးပြတ်တောက် မှုနဲ့ ကြုံတွေ့နေရတာပါ။ ဆေးရုံ ၁၄ ရုံ ဟာ လျှပ်စစ်မီးပြတ်တောက် မှုကြောင့် ဂျင်နရေတာ ကိုအသုံးပြုနေရပါတယ်။ သစ်ပင်တွေ နဲ့ ဓာတ်တိုင်တွေဟာ လမ်းတစ်လျှောက် ပြန့်ကြဲနေပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။