အစ္စရေးနိုင်ငံမှာတော့ အမျိုးသမီးတွေ ဟာ ရာထူးမျိုးစုံ မှာ တာဝန်ထမ်းဆောင်ကြပါတယ်။ ခြေလျင်တပ်၊ ရေဒီယို အော်ပရေတာ၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ပိုင်းလော့ စသည်တို့ပါ၀င်ပါတယ်။ အစ္စရေး အမျိုးသမီးတွေဟာ ၁၉၄၈ လွတ်မြောက်ရေးစစ်ပွဲများနဲ့ ၁၉၅၆ စစ်ဆင်ရေးတွေမှာ လည်းပါ၀င်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း မှာ တော့ အမျိုးသမီးတွေ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှု ကို ကန့်သတ်ခဲ့ပါတယ်။ အမျိုးသမီး အများစုဟာ စစ်မြေပြင် မဟုတ်တဲ့ နောက်တန်းဌာနချုပ်တွေမှာ ယခုအခါတာဝန်ထမ်းဆောင်နေကြပါတယ်။

ရုရှား နိုင်ငံ မှာ လည်း အမျိုးစစ်သည် အရေအတွက်ဟာ ရုရှားစစ်တပ်ကြီး တစ်ခုလုံး ရဲ့ ၁၀ ရာခိုင်နှုန်းမျှ ရှိနေပါတယ်။ ဒုတိယ ကမ္ဘာ စစ် မှာ ရုရှား အမျိုးသမီး ပိုင်းလော့တွေဟာ ထူးထူးချွန်ချွန် တိုက်ပွဲ ၀င်ခဲ့တာကြောင့် သမိုင်းတွင်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံ မှာ လည်း အမျိုးသမီးတွေဟာ ဘော်လကန်စစ်ပွဲ နဲ့ ပထမ ကမ္ဘာ စစ်ပွဲတို့မှာပါ၀င်တိုက်ခိုက်ခဲ့ကြပါတယ်။

အမေရိကန် မှာ တော့ အမျိုးသမီး စစ်သည် တွေဟာ အမေရိကန် သမိုင်းတစ်လျှောက် ပါ၀င်ခဲ့ကြပါတယ်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ၊ ပါရှန်းပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်စစ်ပွဲ နဲ့ အာဖဂန်နစ္စတန် စစ်ပွဲ စတဲ့ စစ်ပွဲ တွေမှာ ပေးအပ်တဲ့တာဝန် တွေကို ထမ်းဆောင်ခဲ့ကြပါတယ်။ အထူးသဖြင့် နောက်တန်း အုပ်ချုပ်စီမံခန့်ခွဲ ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ်ကာတာ က အမျိုးသမီး တွေကို ၂၀၁၆ ခုနှစ်မှစပြီး စစ်မြေပြင်တာဝန်တွေကို ပါပေးအပ်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အီတလီ အစရှိတဲ့ နိုင်ငံတော်တော်များများ မှ စစ်တပ်များမှာလည်းအမျိုးသမီးများတာဝန်ထမ်းဆောင်နေကြပါတယ်။

Source: Wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။