'ကျွန်တော် ဆရာဝန်တစ်ယောက်ပါ' ဆိုတဲ့ကြော်ငြာနှင့် လူသိများလာတဲ့ သရုပ်ဆောင် စည်သူမောင်ဟာ တစ်လသာ ပေါင်းလိုက်ရတဲ့ သူရဲ့ဇနီး ကို သူ့ဘက်က ကွာရှင်းပြတ်ဆဲခြင်းမပြုချင်သော်လည်း.....

ဒီနေ့တောင်ဥက္ကလာတရားရုံးဘက် အရောက်မှာ မထင်မှတ်ဘဲ

ညှိုးငယ် တဲ့မျက်နှာနဲ့ တရားရုံးထဲဝင်လာတဲ့ သရုပ်ဆောင်

စည်သူမောင်ကို တွေ့လိုက် ရပါတယ်။ စည်သူလို့ ကျွန်မ

နှုတ်ဆက် လိုက်တော့ လူမိသွားသလို ဆတ်ကနဲ တုန်သွားပြီး

ကျွန်မကို လှမ်းကြည့် လိုက်ပုံက အံ့သြနေသလိုပါ...

“ဟင် မဂျူလိုင် ဘာလာလုပ်တာလဲ”တဲ့။ “စည်သူ တစ်ခုခုဖြစ်လို့လား..

ဘာ ဖြစ်လို့လဲ”လို့ ကျွန်မမေးတော့ မလိမ်တတ်တဲ့

စည်သူမောင်က “ခနလေး ... မဂျူလိုင်”ဆိုပြီး

တရားရုံးထဲဝင်သွားပါတယ်။ အတန်ကြာတော့

ရှေ့နေနှစ်ယောက်နဲ့အတူ ပြန်ထွက်လာတယ်။

ရှေ့နေတွေနဲ့ နှုတ်ဆက်အပြီး “ကော်ဖီ သောက်ရအောင်”ဆိုပြီး

ကျွန်မတို့ နှစ် ယောက်ကော်ဖီဆိုင်လေးမှာ ထိုင်ဖြစ်ခဲ့ ကြတယ်။

အမြဲပြုံးပြီး တက်ကြွနေတတ်တဲ့ စည်သူမောင်က ကြက်ကြီးလည်

လိမ်ထားတဲ့မျက်နှာနဲ့ သက်ပြင်းရှည် ကြီးချပြီး ကျွန်မလက်ထဲ

ဖိုင်လေး တစ် ခုလှမ်းပေးတယ်။ စာရွက်ငါးရွက်ပါတဲ့

ဆင့်ခေါ်စာ (သမ္ဗာန်စာ) (ပုံပါ) ဖြစ်နေ ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က စည်သူမောင် မိန်းမခိုးပြေးခဲ့တာ ကျွန်မသိခဲ့ပါတယ်။ ပရိသတ်ကိုချပြဖို့ သတင်းရေးမယ်လို့ ခွင့်တောင်းတော့ သူ့ဇနီးက ခွင့်မပြုဘူးလို့ စည်သူမောင်က တစ်ဆင့်သိခဲ့ရတဲ့ အတွက် ကျွန်မ မရေးဖြစ်ခဲ့ပါဘူး။ ခုစည်သူမောင်ဇနီး နန်းယဉ်မင်းထွန်း(ခ)

နန်းသီရိထွန်းက စည်သူမောင်ကို ကွာရှင်းခွင့်တောင်းတော့မှပဲ

ကျွန်မလည်း ရေး ခွင့်ရပါတော့တယ်။ ကျွန်မရဲ့ထုံးစံအတိုင်း

ပြည့်ပြည့်စုံစုံလေး ဖြစ်ချင်တာမို့ စိတ်မကောင်းဖြစ်နေတဲ့

စည်သူမောင်ကို အားနာနာနဲ့ပဲ စုံစုံစေ့စေ့လေး မေးမြန်း ဖြစ်ခဲ့ပါတယ်။

ဇနီးသည်ရဲ့ အမည်နဲ့စတွေ့ပုံက

ဒေါက်တာ နန်းယဉ်မင်းထွန်း(ခ) နန်းသီရိထွန်းပါ။

လွန်ခဲ့တဲ့ကိုးနှစ်၂၄-၁-၂ဝဝရက သူနဲ့ စတွေ့ခဲ့ပါတယ်။

၈-၄-၂ဝဝရမှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ချစ်သူသက်တမ်း ၇ နှစ်ကျော် ၁၈-၈-၂၀၁၄မှာ

ခိုးပြေးဖြစ်ခဲ့ကြတယ်။ ၀ါတွင်း ကြီးမှာပါ။

၀ါကျွတ်ရင် သူ့ကို သူ့အိမ်က အိမ်ထောင်ချပေးတော့

မယ်ဆိုလို့ မရည် ရွယ်မထင်မှတ်ဘဲ ခိုးပြေးခဲ့ကြတာပါ။

နောက်တစ်နေ့ ၁၉ ရက်နေ့ မနက်မှာ မရမ်းကုန်းတရားရုံးက

တရားသူကြီး ရှေ့မှောက်မှာ နှစ်ဦးသဘောတူ လက် မှတ်ထိုးခဲ့ကြပါတယ်။ နေတာကတော့pinlon resort

မှာပဲနေပါတယ်။ ကျွန် တော့် အိမ်ကိုလည်း တစ်ခါတလေ ပြန်ကြပါတယ်။

ချစ်သူဘဝမှာကတည်းက ကျွန်တော့်အိမ်ကို

သူအဝင်အထွက် ရှိပါတယ်။ တစ်မိသားစုလုံးနဲ့ ရင်းနှီးပြီး သားပါ။

မှတ်မှတ်ရရဆို လက်မှတ်ထိုးပြီး နောက်ပိုင်း အဖေနဲ့အမေကို

ကန်တော့ ရင်း အိမ်မှာတစ်ညအိပ်ဖြစ်ခဲ့ကြပါတယ်။

နောက်ပိုင်းကတော့ pinlon resort မှာပဲနေဖြစ်ခဲ့ပါတယ်။

မိန်းကလေးကို သူ့မိဘဆီ စည်သူ အဖေနဲ့အမေကရော

ပြန်အပ်ဖို့ မစီစဉ်ဘူးလား။

စီစဉ်တာပေါ့။ ခမ်းခမ်းနားနားလည်း မင်္ဂလာဆောင်ပေးမယ်။

လူကြီးစုံရာနဲ့ လည်း အပ်နှံပါမယ်ဆိုတာကို သူတို့ဘက်က

လုံးဝ လက်မခံခဲ့ပါဘူး။ ဒါ့အပြင် သူ့ကို သမီးအဖြစ်က

စွန့်လွှတ်ကြောင်း အမွေပြတ်နို့တစ်စာပို့လာပါတယ်။

ကျွန် တော်လည်း သူ့ကို အားမငယ်ဖို့ ပြော ရင်း... ကျွန်တော်တို့ နှစ်ယောက် နေဖို့ နေစရာရှာရပါတော့တယ်။

ဟိုတယ်မှာ က တစ်လနီးပါးရှိနေပြီလေ။

သူတောင်း ထားတဲ့ ကွာ ရှင်းခွင့်မှာ မယူခင်က

အိမ်သီး သန့်ထားမယ် ပြောပြီး ယူပြီးတော့

မထားဘူးလို့ ပါတယ်နော်။

ကျွန်တော်လည်း လုံးချင်းခြံလေးတွေ လိုက်ကြည့်တာပေါ့။

သူက မလိုက်ချင်ဘူး ဆိုတော့ ကျွန်တော်တစ် ယောက်တည်း

လိုက်ကြည့် ဖြစ်တယ်။ မူဗီလေးတွေ ရိုက်လာတယ်။

တစ်နေရာသွားကြည့်တယ်။ ပတ်ဝန်းကျင်က ဘယ်လိုရှိတယ်။

အကျယ်က ဘယ်လောက်စျေးက ဘယ်လောက် စသဖြင့်ပေါ့။

သူ့ကိုပြန်ပြတယ်။ သူ မကြိုက်သေးဘူးဆိုတော့ ထပ်ရှာတယ်။

ကျွန်တော့် မိဘတွေက သာမန် အကောက်ခွန်ဝန်ထမ်းတွေလေ။

ကျွန်တော်ကလည်း သာမန် သရုပ်ဆောင် ဆိုတော့

ကျွန်တော်တတ်နိုင်တဲ့ အနေ အထားကိုတော့

ရှာတာပေါ့နော်။ သူကတော့ မကြိုက်ဖြစ်နေတာပေါ့။

အဲဒီတုန်းကဆို ကျွန်တော် တော်တော် စိတ်မကောင်းဘူး။

ကိုယ်ချစ် တဲ့သူကိုဗျာ ... အကောင်းဆုံးအိမ်မှာ ထားချင်တယ်။

အကောင်းဆုံးအရာတွေ ပေးချင်တာပေါ့။ ဒါပေမဲ့

တတ်နိုင်သလောက် လေးတော့ ရှာရ တာပေါ့။

သူနေ ခဲ့တာကို မမီပေ မယ့် ကျွန်တော် တတ်နိုင်သလောက်တော့

အကောင်းဆုံး ထားမယ်လို့ ဆုံး ဖြတ်ပြီးသား၊ လုပ်ဆောင်ပြီးသားပါ။

အဲဒီအချိန် ကတောက်ကဆဖြစ်တော့ ကျွန်တော် သူ့ကို

စကားတစ်ခွန်း ပြောလိုက်တယ်။ “အရင်နေခဲ့တာကိုတော

ဘယ်လိုမှမီမှ မဟုတ်ဘူး။ ခုချိန်မှာ သဲက ဝန်ကြီးသမီး

မဟုတ်တော့ဘူး။ စည်သူမောင် မိန်းမ ဖြစ်သွားပြီ။

စည်သူမောင် ရှာနိုင်တာ အကုန်ရမှာပဲ။

အရင်ရွှေထီးဆောင်းခဲ့ တာကို မပြောပါနဲ့

ကိုယ်လည်း စုတ် စုတ်နုတ်နုတ် မဟုတ်ပါဘူး။

လူတန်းစေ့ အောင်တော့ ထားနိုင်ပါတယ်”လို့

ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တယ်။

ဝန်ကြီးသမီး မဟုတ်တော့ (အမွေ ပြတ်လိုက်လို့)

ဒီလိုစကားမျိုး ပြောတယ်လို့ စွတ်စွဲချက်မှာပါတယ်နော်။

မဂျူလိုင်ရယ် ... သူနဲ့ကျွန်တော် စကြိုက်တုန်းက

သူဝန်ကြီးသမီးမှ မဟုတ်တာ ... ၂၀၁၀ ပတ်ဝန်းကျင်မှ

သူ့အဖေဝန်ကြီးဖြစ်တာပါ။ အရင်က ရိုးရိုးစီးပွားရေးလုပ်ငန်းရှင်ပါပဲ။

ကိုယ်ထိလက်ရောက် ထိပါးတယ်လို့ ဆိုတဲ့အပေါ်ရော။

ချစ်သူ သက်တမ်းကနေ ခိုးရာလိုက် လက် မှတ်ထိုးပြီး

ပေါင်းသင်းနေတဲ့ အထိ လက်နဲ့တောင် မရွယ်ဖူးပါဘူးဗျာ

ကိုးနှစ်တာ ကာလမှာ ရန်ဖြစ် တာ တော့ရှိတာပေါ့။

လက်ပါဖို့ မပြောနဲ့ သူကြာကြာစိတ်ဆိုးတာကိုတောင်

ကျွန်တော်မခံနိုင်တဲ့သူပါ။ ကျွန်တော် သူ့ကို

အရမ်းချစ်တာလေ ... အသက်နဲ့ထပ်တူ ချစ်ခဲ့တာပါဗျာ ...

ဒီလောက်နှစ်တွေ အများကြီး ချစ်ခဲ့ကြ၊ တွဲခဲ့ကြပြီးမှ

ဘာကြောင့် ခုလို ဖြစ်ရတာလဲ ဘာပြဿနာတွေကြောင့်များလဲ။

မစဉ်းစားတတ်အောင်ပါပဲ။ တစ်နေ့ ကြို့ပင်ကောက်က

ဆရာတော်ကြီး မွေးနေ့ပွဲ သွားဖို့ စီစဉ်ကြတော့

သူ့မှာ မြန်မာဝတ်စုံနဲ့ ဝတ်ဖို့ ကတ်္တီပါ ဖိနပ်

မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ သူက သူ့ကို

ဖိနပ်သွားဝယ်ပေးပါတဲ့။ သူနေ မကောင်းချင်လို့

မလိုက်ချင်ဘူးတဲ့။ အမေ့ဆီက ဖုန်းလာလို့တောင် ကျွန်တော်က ပြောလိုက်တော့ အမေက သူကြိုက်တာလေးတွေ

အားရှိတာလေး တွေ ချက်ပြုတ်ထားပေးမယ်တဲ့

ဖိနပ် ဝယ်ပြီး အပြန်ဝင်ယူပါလို့ ကျွန်တော့် ကိုမှာတယ်။

ကျွန်တော်လည်း ဖိနပ် ထွက်ဝယ်... အမေ့ဆီဝင်

ကြက်သား ပြုတ်ကြော်တို့ အခြားစားစရာတွေ

ယူပြီးပြန် လာတော့သူ မရှိတော့ဘူး ...

ကျွန်တော် အရူးတစ်ပိုင်း ပေါ့ဗျာ ... လိုက်ရှာတာနှံ့နေတာပဲ

သူ့ဦးလေးဆီ ဖုန်းဆက်တော့လည်း မသိဘူး။ မလာ ဘူးတဲ့။

ကျွန်တော်ရဲစခန်းမှာ လူ ပျောက်ကြော်ငြာဖို့လုပ်တော့

သူ့ဦးလေး က မလုပ်ဖို့တားတယ်။ နောက်တစ်နေ့မနက်မှာ

သူ့ဆီက မက် ဆေ့ဝင်လာတယ်။ သူလုံခြုံတဲ့ နေရာမှာရှိ နေတယ်။ စိတ်မပူပါနဲ့တဲ့။ (နောက်မှ သူ့ဦးလေး လာခေါ်သွား

တယ်ဆိုတာသိရတယ်။) ကျွန်တော်လည်း

အတတ်နိုင်ဆုံး ညှိနှိုင်းတယ်။ အဓိကကတော့ မပြည့်စုံတဲ့

ကျွန်တော့်ဘဝထဲမှာ သူမနေနိုင်တာဖြစ်လိမ့်မယ်လို့

ကျွန်တော် စဉ်းစားမိတယ်။

ဒါဆိုသူနဲ့တရားဝင်တစ်လလောက်ပဲ အတူ နေခဲ့ရတာပေါ့။

ဟုတ်ကဲ့။ သူနဲ့ကျွန်တော် အဆက်အသွယ်တော့ မပြတ်ဘူး။ သူသင်တန်းတက်တယ်ဆိုတုန်း ကလည်း သူ့အတွက်

စားစရာတွေ လိုအပ်မယ် ထင်တာတွေ သွားပို့ခဲ့တယ်။

ဖုန်းနဲ့လည်း အမြဲ အဆက်အသွယ်ရှိခဲ့ပါတယ်။

ခု ... ဒီနို့တစ်စာ မပို့မခြင်းပေါ့။

ဒီစာကို ဘယ်နေ့က ပို့ခဲ့တာလဲ။ ဘာပြဿနာ ထပ်ဖြစ်လို့လဲ။

ဘာပြဿနာမှ မဖြစ်ဘူး။ အောက်တိုဘာ ၁၇ ရက်နေ့မှာ

စာပို့လာပါတယ်။ ကျွန်တော်သူ့ကို သိပ်ချစ်တယ်

မခွဲနိုင်တော့ ညှိလို့ရသမျှ အကုန် လိုက်ညှိတယ်။

“ငါမပြည့်စုံလို့ ငါ့ချစ်သူနဲ့ခွဲနေရတာ” ဆိုပြီး

ကျွန်တော် ကြိုးစားတယ်။ အနုပညာ အလုပ်အပြင်

အခြားအလုပ်တွေလည်း လုပ်တယ်။ သူ့ကိုလည်း

စောင့်ပေးပါလို့ အမြဲပြောဖြစ်တယ်။ ဒါကို ဒီကြားထဲ

ဒီစာရောက်လာတော့ ကျွန်တော် ရှော့ခ်ဖြစ်သွားတယ်။

အဲဒီနေ့က ရှုတင်ကိုတောင် မနည်းသွားရတယ်။

ယောကျ်ားတန်မဲ့ မျက်ရည်ကျရတယ်။ (မျက်ရည်ဝဲလျက်)

သူ့ဆီ ဖုန်းဆက် တယ်။ ဟန်းဖုန်းကို မကိုင်ဘူး။

ဒါကြောင့် ဆေးရုံ ရုံးခန်းထဲက ဖုန်း (သူက

တောင်ကြီးစပ်စံထွန်း ဆေးရုံမှာ တာဝန်ကျနေ) ကိုဆက်တော့

သူလာ ကိုင်တယ်... ဆင့်ခေါ်စာပို့လိုက်တဲ့ကိစ္စ

...သဲသိ လား” ဆိုတော့ သိတယ်... သူပဲ ပို့တာပါတဲ့။

ဒါဆို ဒီထဲက အချက်အ လက်တွေက ဘာလို့အမှားတွေ

ထည့်ထားရတာလဲဆိုတော့ “ဆေးရုံဖုန်းနဲ့ ပြောရတာ

အဆင်မပြေဘူး ဟန်းဖုန်းနဲ့ ပြန်ဆက်မယ်။ နာရီဝက်စောင့်”တဲ့ .

.. ဒါပေမဲ့ ပြန်ဆက် မလာဘူး။ စာပဲပို့လာတယ်။ ပြောစရာရှိရင်

ရှေ့နေနဲ့ပဲပြောပါတဲ့။ ကျွန်တော် အရုပ်ကျိုးပျက်ပါပဲ မဂျူလိုင်ရယ် ....

လက်ထပ်စာချုပ်အရဆို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက

လက်ထပ်ခဲ့ကြတာပေါ့။ ဘာကြောင့် ပရိသတ်ကို

အသိမပေးခဲ့တာလဲ။

ကျွန်တော်ကတော့ ချစ်သူရှိတယ် ဆိုတာ

သူနဲ့ရည်းစားစဖြစ်ကတည်းက ဝန်ခံခဲ့တာပါ။

ဒါပေမဲ့ သူက လူမသိစေချင်ခဲ့ဘူး။ သူ့မိဘသိမှာ လည်း ကြောက်တယ်လေ။ နောက်သူ့အဖေ

ဝန်ကြီးဖြစ်သွားတော့ ပိုဆိုးတာပေါ့။ ကျွန်တော် ကတော့

ချစ်သူရှိတယ်ဆိုတာ တောက်လျောက် ကြေညာခဲ့ပါတယ်။

လက်ထပ်တဲ့အခါမှာလည်း ပရိသတ်ကိုရော လူအားလုံးကို

အသိပေးဖို့ ကြိုး စားခဲ့ပါတယ်။ အဲဒီမှာလည်း သူက

မင်္ဂလာ မဆောင်ရသေးဘဲနဲ့ မသိစေချင်ဘူးတဲ့။

မင်္ဂလာဆောင်မယ် ဆိုပြန်တော့လည်း သူ့မိဘတွေက

လက်မခံ။ သူကလည်း သူ့မိဘမပါဘဲ မင်္ဂလာပွဲမကျင်းပ

ချင်ဘူးတဲ့။ ဒါဆို သတင်းစာထဲက လက်ထပ်ပြီးကြောင်း

ထည့်မယ်ဆိုပြန်တော့လည်း သူ့အဖေ သိက်္ခာထိခိုက်မယ်တဲ့

ကျွန်တော်ရော သူရော သူ့မိဘတွေ လက်မခံနိုင်အောင်

ကြိုးစားကြမယ်တဲ့ ... လက်ခံမှ လူသိခံကြမယ်ဆိုတော့

ကျွန်တော် လည်းကြိုးစားတာပဲလေ။ ကျွန်တော်

ပရိသတ်ကိုတော့ လက်လှမ်းမီသလောက် ကျွန်တော့်မှာ

သူရှိ တယ်ဆိုတာ အသိပေးဖြစ်ခဲ့ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေ အားလုံးသိကြပါတယ်။

မဂျူလိုင် လည်း သိနေတာပဲလေ။ ကျွန်တော် facebook မှာ

ဆိုလည်း ကျွန်တော်တို့ရဲ့ အမှတ်တရနေ့တွေ ရောက်တိုင်း

သူ့ပုံလေးတွေ၊ နှစ်ယောက်တွဲပုံလေးတွေ ကျွန်တော် တင်ဖြစ်ပါတယ်။

ဒီဆင့်ခေါ်စာရပြီး နောက်ပိုင်း အဆက်အသွယ်ရသေးလား။

ဆင့်ခေါ်စာက ၁၇ ရက်နေ့က ရတယ်။ အဲ နောက်ပိုင်း

သူ့ဆီဖုန်းဆက်တယ်။ မကိုင်ဘူး ခုဆို အဆက်အသွယ်မရတာ

ကိုးရက်ရှိပြီ။ ဆေးရုံကို လည်း မဆက်ဘူး။

နှောင့်ယှက်တယ်ပြောမှာ စိုးလို့ပါ။

ဒါကဖြစ်စဉ်ပေါ့။ ပုဂ္ဂလိက ခံစားချက်ကိုလည်း သိပါရစေ။

သူနဲ့ကျွန်တော် စချစ်ကတည်းက သူ့တစ်ယောက်တည်းကိုပဲ

ချစ်ခဲ့တယ်။ အိမ်ကိုလည်း အ သိပေးခဲ့တယ်။

ဝင်ထွက်သွားလာရှိခဲ့တယ်။ ကိုးနှစ်တာ

အချိန်တစ်ခုက Relationship တစ်ခုကို

တည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ရည်းစား ဘဝ

ခုနစ်နှစ်ကနေ လက်ထပ်ခဲ့တဲ့အထိ အတူစား

သွားနေခဲ့တာတွေက အိပ်မက်မှ မဟုတ်တာ။

ဒါတွေ ကျွန်တော် ဘယ်လိုမေ့လို့ရမှာလဲ (မျက်ရည် ကျလျက်)

ဒီနေ့ ဒီလိုဒီနေရာကို ကျွန်တော်လာ ရတာ ဘယ်လိုမှ မယုံနိုင်ဘူး။ သူနဲ့စသိကတည်းက ကျွန်တော့်စိတ်ထဲ သူတစ်ယောက်ပဲရှိခဲ့တာ။

ခုချိန် ထိလည်း သူပဲ ကျွန်တော့် အသက်နဲ့ ထပ်တူ မြတ်နိုးခဲ့ရတာ။

ကျွန်တော်သူ့ကိုပဲပိုင်ဆိုင်ချင် တယ်။ အတူနေချင်လို့လည်း

တောက်လျောက် ကျွန်တော်ညှိနှိုင်းတာတွေ ကြိုးစားတာတွေ

လုပ်ခဲ့ ပါတယ်။ သူဟာကျွန်တော့်ရဲ့ တရားဝင်ဇနီးပါ။

သတင်းစာထဲ ကြေညာလို့ရတယ်။ ကိုယ့်ဇနီးကို

ကိုယ်ပြန်ခေါ် လို့ရတယ်။ ဒါပေမဲ့ သူစိတ်ဆင်းရဲ မှာစိုးလို့

ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး။ ကျွန်တော် လုပ်ချင်ပေမယ့်

သူမိဘကြောင့် သူ Request လုပ်ထားတာကို

ကျွန်တော်လူကြီးတွေ လက်ခံအောင်ပဲ ကြိုးစားခဲ့တယ်။

ကျွန်တော်လိုချင်တာ သူစိတ်နဲ့ သူချစ်ခြင်းပဲ

သူ့ခန်္ဓာကိုယ်ကို မဟုတ်ဘူး။

ခုဘာဆက်လုပ်ဖို့စီစဉ်ထားလဲ။

သူ ကျွန်တော့်ကို မဟုတ်တဲ့ စွတ်စွဲချက်တွေနဲ့ တရားစွဲတယ်ပေါ့။ ဘာကြောင့်လဲ ကျွန်တော် မသိပေမယ့် အရာအားလုံးအတွက်

ကျွန်တော်အရမ်း အံ့သြခဲ့ရပါတယ်။ ခုတရားရင်ဆိုင်ရတာလည်း

သူ စွတ်စွဲချက်တွေက အမှန်မဟုတ်ဘူးဆိုတာကို သိစေချင်လို့ပါ။

သူ့စွတ်စွဲချက်တွေက ကျွန်တော်အ ပြင် မိဘတွေပါ

ထိခိုက်စေတဲ့အတွက် (ကိုယ်ရော နှုတ်ရော

ကြမ်းတမ်းယုတ်မာတဲ့ပုံစံ စွတ်စွဲထား တော့လေ)

ပြန်ပြီး တရားရင်ဆိုင်ရတာပါ ... (မျက်ရည်ကျလျက်)

နောက်ပြီး အစ်မတို့ သိတဲ့ အတိုင်းပဲ။ ကျွန်တော်

တစ်သက်လုံး ထိန်းသိမ်း လာတဲ့ ကျွန်တော့် သိက်္ခာကို

မဟုတ်ဘဲနဲ့ အထိ ခိုက်မခံနိုင်လို့ပါ။ ဒီလိုသိက်္ခာကြောင့်

ရင်မဆိုင်ချင်ဘဲနဲ့ ဒီတရားကို ရင်ဆိုင်ခဲ့ရတာပါ။

အဖြစ်ချင်ဆုံးဆန်္ဒက

သူနဲ့ပဲပြန်ဆုံချင်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ ကိုးနှစ်သူကလည်း

သာမန် ကျောင်းသူလေး (ဘာ ဝန်ကြီးသမီးမှ မဟုတ်)

ကျွန်တော်လည်း သာမန် ကောင်လေး (စည်သူမောင်လို့

ဘယ်သူမှ မသိကြသေး)တဲ့ ဘဝကို ပြန်ရောက်ပြီး

သူနဲ့ အတူတူပြန် ရှိနေချင်ပါတယ်။ အဲဒီတုန်းက

ဘာနဲ့မှ နှိုင်းလို့မရတဲ့ အကြီးမားဆုံးအရာတွေ

ပိုင်ဆိုင်ထားကြတယ်လေ။ အဲဒါ သူအချစ်ရဆုံး

ချစ်သူက ကျွန်တော်၊ ကျွန်တော်အချစ်ရဆုံးချစ်သူက သူ

အဲဒီဘဝ၊ အဲဒီ အချိန်ကိုပဲ ပြန်လိုချင်ပါတယ်။

ဂျူလိုင်မိုး(အိုအေစစ်ဂျာနယ်)

( ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး (ငြိမ်း)

ဦးစိုင်းထွန်းရင်နဲ့ ဒေါ်ချိုချိုခိုင်တို့ရဲ့ သမီး ဒေါက်တာ

နန်းယဉ်မင်းထွန်း (ခ) နန်းသီရိထွန်းက ခင်ပွန်းဖြစ်သူ

သရုပ်ဆောင် စည်သူမောင်အား လင်မယား ကွာရှင်း

ပြတ်စဲ လိုကြောင်း လျောက်ထားစွဲဆိုချက်နဲ့

တောင်ဥက္ကာလာတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့

စည်သူမောင်အား မေးမြန်းထားခြင်းဖြစ်ပါတယ် )

Source: oasis

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။