ဆရာကြီး ဒေါက်တာ ထင်အောင် ကို မေလ ၁၈ ရက် ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီးဟာ မြန်မာ့ ယဉ်ကျေးမှု နဲ့ မြန်မာ့သမိုင်း ပညာရှင်တစ်ယောက် ဖြစ်ပြီး နာမည်ကျော် စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ဆရာကြီးဟာ အောက်စဖို့ တက္ကသိုလ် နဲ့ ကင်းဘရစ် တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပါတယ်။ ဒေါက်တာထင်အောင် ဟာ မြန်မာ့သမိုင်း နဲ့ မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာ စာအုပ်အများအပြား ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားခဲ့ပါတယ်။

ဆရာကြီး ဒေါက်တာ ထင်အောင် ရေးသားခဲ့တဲ့ မြန်မာ့သမိုင်း နဲ့ မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာ စာအုပ်တွေကြောင့် မြန်မာနိုင်ငံ နဲ့ မြန်မာ့သမိုင်း၊ ယဉ်ကျေးမှု ကို လေ့လာ တဲ့ နိုင်ငံခြား သားများအတွက် အထောက်အကူဖြစ်စေခဲ့ပြီး မြန်မာပြည် အကြောင်းကို ကမ္ဘာသိအောင် လုပ်နိုင်ခဲ့တဲ့ ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ ဆရာကြီး ရေးသားခဲ့တဲ့ နာမည်ကျော်စာအုပ်တွေကတော့ A History of Burma, Folk Elements in Burmese Buddhism, Burmese Folk Tales, Thirty Burmese Tales နဲ့ Burmese Drama တို့ပဲဖြစ်ပါတယ်။

ဆရာကြီးဟာ ရန်ကုန်တက္ကသိ်ုလ် ပါမောက္ခ အဖြစ် ၁၉၄၆ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အတွင်း ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီ့ အချိန်ကာလ က မြန်မာ့ပညာရေးနယ်ပယ်မှာ အမြင့်ဆုံးရာထူးလည်းဖြစ်ပါတယ်။ ဆရာကြီးဟာ စိန့်ပေါကျောင်းမှ အထက်တန်းအောင်မြင်ခဲ့ပြီး ကင်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့၊ အောက်စဖို့ တက္ကသိုလ်မှ ပြည်သူ့ရေးရာ ဥပဒေဘွဲ့၊ လန်ဒန်တက္ကသိုလ် မှ ဥပဒေမဟာဘွဲ့၊ ထရီနတီ ကောလိပ် ဒပ်ဘလင်မှ စာပေဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။

ဆရာကြီးဟာ သီရိလင်္ကာ နိုင်ငံဆိုင် ရာမြန်မာသံအမတ်ကြီး အဖြစ် ၁၉၅၉ ခုနစ်ကနေ ၁၉၆၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုလံဘီယာ တက္ကသိုလ် နဲ့ ၀ိတ်ဖောရတ်စ် တက္ကသိုလ် တို့မှာ ဧည့်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

Source: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။