ပြင်သစ်လိဂူးကလပ် ပီအက်စ်ဂျိီကတော့ ယခုအပြောင်းအရွှေ့မှာ ကမ္ဘာ့စျေးအမြင့်ဆုံး ခေါ်ယူမှု၂ခုပြုလုပ်ထားပါတယ်။ အဆိုပါကစားသမားတွေကတော့ ဘာစီလိုနာမှနေမာနှင့် မိုနာကိိုမှ ဘာပေးတို့ဖြစ်ပါတယ်။ နေမာသည် လောဆယ်တွင် ကမ္ဘာစျေးအကြီးဆုံး ကစားသမားအဖြစ်ရပ်တည်နေသည်။ ပြင်သစ်လိဂူးကလပ် ပီအက်စ်ဂျီအနေဖြင့် နေမာကို ဘာစီလိုနာထံမှာ ပြောင်းရွှေ့ကြေး ပေါင်၂၂၂သန်းဖြင့်ခေါ်နိုင်ခဲ့တာဖြစ်သည်။ 

နေမာအနေဖြင့်လည်း လက်ရှိအချိန်တွင် ပီအက်စ်ဂျီတွင် ခြေစွမ်းပြနေသည်။ မိုနာကိုအသင်း၏ နာမည်ကျော်လူငယ်တိုက်စစ်မှူး ဘာပေးက ယခုအခါပီအက်စ်ဂျီသို့ပြောင်းသွားခဲ့ပါပြီ။ ဘာပေးအနေဖြင့် ပြောင်းရွှေ့ကြေး ဒုတိယအမြင့်ဆုံး ကစားသမားဖြစ်လာပါပြီ။ ဒါကြောင့် ဘာပေးက နေမာကို ဘလွန်းဒီအောဆုရရန် ကူညီပေးမည်ဟု ပြောခဲ့တာပါ။ 

ဘာပေးက “Ballon D’or ဆုကို ရယူနိုင် မယ့် အသင်းဖော်တစ်ဦးကို ကျွန်တော် ပိုင် ဆိုင် ထားပီလေ ။ ဒီတော့ ကျွန်တော့ ရည် မှန်းချက် က ဂိုးတွေ အများကြီးသွင်းပြီး နေမာ ကို ကူညီပေးဖို့ပါပဲ ။ နေမာ ဟာ ကျွန်တော်တို့ကို ဆုဖလား တွေ အများကြီး ရအောင်ကူညီပေးနိုင်မယ့်သူပါ ။ ဒါကြောင့် သူ့ကိုလည်း ကျွန်တော်တို့ သေချာ ဂရုစိုက်ပေးရ မှာပေါ့။ Ballon D’or ကို နေမာ ရနိုင် ဖို့ ကျွန်တော် တက် စွမ်းသမျှ ကူညီပေးသွားမှာပါ ။ ဒီဆုကို နေမာ ရ အောင် ကူညီပေးနိုင်ခဲ့မယ် ဆိုရင် သိပ်ကို ပျော်ဖို့ကောင်းမှာပါပဲ” လို့ပြောခဲ့ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။