တက္ကစီ ယာဉ်မောင်းမှ ခရီးသည်ကို လည်ပင်းညှစ်ပြီး ရွှေဆွဲကြိုးလု

ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ အသက်(၃၁)နှစ်ရှိ အမျိုးသမီးသည် အောက်တိုဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် နာရေးကူညီမှု အသင်းသို့သွားရန်အတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၄၆) လမ်းဆုံတွင် ကယ်ဒီးနားအမျိုးအစား အငှားယာဉ်ကို ငှားရမ်း စီးနင်းလာခဲ့ကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ ဆီဆိုင်တွင် ဆီဝင်ဖြည့်ပြီး ဆက်လက် မောင်းနှင်လာစဉ် အထက(၄)ကျောင်းရှေ့အရောက် ယာဉ်အား လမ်းဘေးတွင် ရပ်တန့်ခဲ့ကြောင်း၊ ယာဉ်မောင်းမှ နောက်ခန်း သို့ ရောက် လာပြီး အဆိုပါအမျိုးသမီး၏ လည်ပင်းကိုညှစ်ကာ လည်ပင်းတွင်ဆွဲထားသော အလေးချိန် ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးကို လုယူပြီး ယာဉ်ပေါ်မှဆင်းခိုင်းကာ ယာဉ် ကို မောင်းနှင် ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက(ပ)၁၈ဝ၉/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းထောက်လှမ်းဖော် ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မောင်းနှင်သည့်ယာဉ်မှာ AA---- TOYOTA CALDINA ယာဉ်ဖြစ်ကြောင်း သိရှိခဲ့ပြီး ပြစ်မှု ကျူးလွန်သူ ယာဉ်မောင်း ဆံရှည်(ခ)ကိုကိုမောင်(၃၅)နှစ် မြောက် ဥက္ကလာပမြို့နယ်နေ သူအား အောက် တိုဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် (၂ဝ) ရပ်ကွပ် ဗိုလ်တေဇလမ်း ရေခဲစက်မှတ်တိုင်ကားဂိတ်၌ ယာဉ်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါအမှုအား ၄င်းမှ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံရွှေဆွဲကြိုးအား ပေါင်နှံ ထားရှိ သည့် မြောက်ဥက္ကလာပမြို့နယ်ရှိ အပေါင်ဆိုင်မှ ပြန်လည် သိမ်းဆည်းနိုင် ခဲ့ကာ ¤င်းအား အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(ကြေးမုံ)

MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။