ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကတော့ မန်ချက်စတာယူနိုင်တက်ထံ ယခုနှစ်မှာပြောင်းလာခဲ့ပါတယ်။ လူကာကူက အဲဗာတန်ကနေ ပေါင်ရ၅သန်းဖြင့် မန်ချက်စတာယူနိုင်တက်ထံ ပြောင်းရွှေ့လာခဲ့တာပါ။ လူကာကူက မန်ချက်စတာယူနို်င်တက်နှင့် မြန်မြန် အထိုင်ကျခဲ့ပါတယ်။ လူကာကူက မန်ချက်စတာယူနိုင်တက် အတွက် ယခု ရာသီ ပရီးမီးယားလိဂ် ၃ပွဲကစားပေးထားပါတယ်။

အဆိုပါ ၃ပွဲမှာ လူကာကူက ၃ဂိုးထိသွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်က နာမည်ကျော်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ပြန်ခေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် လူကာကူက အီဘရာဟီမိုဗစ်နှင့် နေရာလုရမှာ မကြောက်ပါဘူးလို့ ပြောခဲ့တာပါ။ လူကာကူက "အီဗရာဟီမိုဗစ်ကကျွန်တော့်ကိုတိုးတက်အောင်ကူညီပေးနိုင်မယ့်သူပါ။ ကျွန်တော်ပွဲထွက်နေရာအတွက်ပြိုင်ဆိုင်မှုကိုမကြောက်ပါဘူး။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။”

ဆက်လက်၍ လူကာကူက “ကိုယ့်ကိုယ်ကို ပိုမိုကောင်းမွန်လာအောင်လုပ်နို်င်ပြီး အနိုင်ရအောင်စွမ်းဆောင်နိုင်သ၌ စိန်ခေါ်မှုတွေကိုပျော်ရွှင်စွာလက်ခံသွားမှာပါ။ အီဗရာဟီမိုဗစ်အသင်းကိုပြန်လည်ရောက်ရှိလာခဲ့တာဟာမန်ယူအတွက်တကယ့်ကိုကောင်းမွန်ပါတယ်။ ဆုဖလားတွေရရှိဖို့အလွန်ဆာလောင်တဲ့သူ့လိုလူမျိုးတစ်ယောက်ထပ်ရှိလာတာဟာအသင်းအတွက်အလွန်ကောင်းမွန်လှပြီးဒါဟာကျွန်တော်တို့မန်ယူအသင်းမှာအလိုရှိနေတဲ့အရာပါ။ သူ့ရဲ့စရိုက်လက္ခဏာ ထူးခြားတဲ့အရည်အသွေး တွေဟာဘောလုံးသမားတစ်ဦးအနေနဲ့ကျွန်တော်တို့အတွက်အများကြီးယူဆောင်လာနိုင်မှာပါ။ ကျွန်တော်တို့ကလည်းသူ့ကိုကူညီပေးသွားမှာပါ။" လို့ပြောခဲ့ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။