အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးတစ်လက်လည်းဖြစ်တဲ့ အိချောပိုကတော့ သူမရဲ့ ခံစားချက်တွေကို facebook ကနေတဆင့် ယခုလိုရေးသားထားတာတွေ့ရပါတယ်။

"အမြဲတမ်းပြုံးရီနေတတ်တဲ့ကျမ...

ကိုယ်ချင်းစာနာစိတ်မရှိတဲ့လူတစ်ချို့ကြောင့်...

အပြံုးရိပ်မသမ်းပဲ ခပ်တည်တည်နေတတ်လာတယ်...

#eichawpo" ဆိုပြီး ရေးသားထားပါတယ်။

ယခုလတ်တလောပိုင်းမှာ သူမရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းနဲ့ပတ်သတ်ပြီး troll page တွေ meme ဓာတ်ပုံတွေ ထွက်ပေါ်နေပြီး ဝေဖန်တိုက်ခိုက်နေကြတာတွေလည်း တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ သူမရဲ့ ပရိသတ်တွေကတော့ ပရိသတ်တွေအပေါ် ချစ်ခင်တတ်နဲ့သူမ အနုပညာကိုတန်ဖိုးထားတဲ့ သူမဖက်မှာ ရပ်တည်နေကြပါတယ်။ သူမရဲ့ post အောက်မှာတော့ မင်းသားဇေရဲထက် အဆိုတော်ပိုပိုတို့ကလည်း အားပေးစကားပြောခဲ့ကြပြီး သူမရဲ့ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။

လတ်တလောမှာတော့ အိချောတစ်ယောက် သူမချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးဖို့ ရှိနေတယ်လို့ သိရပါတယ်။ တလောက ရုံတင်ပြသခဲ့တဲ့ "ပွဲခံမယ်" ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးနေရာက သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ သူမအတွက် မှတ်တိုင်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးထားကြပါတယ်။

Source: Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။