အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲနာမည်ကြီးမင်းသမီးတွေထဲမှာ သူမတို့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကြား နာမည်ကြီးတဲ့ မင်းသမီးနှစ်လက်ကို ဒီတစ်ခေါက်မှာ ဖော်ပြေပေးမှာ ဖြစ်ပါတယ်။

အိချောပို

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ထားပြီး တလောကရုံတင်ခဲ့တဲ့ "ပွဲခံမယ်" ဇာတ်ကားမှာ သူမရဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်တွေကို အံ့သြမင်သက်စေခဲ့ပါတယ်။ သူမဟာ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့်လည်း ပရိသတ်တွေကြား နာမည်ကြီးလှပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေကြား သူမရဲ့ကောက်ကြောင်းနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေပေမဲ့ သူမဟာ ငယ်စဉ်တည်းက ခန္ဓာကိုယ်လှတာကို သူမရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကနေ ပရိသတ်သိခဲ့ရပါတယ်။

သင်ဇာဝင့်ကျော်

နာမည်ကြီး ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်တဲ့ သူမကတော့ ပရိသတ်တွေကြား အထူးရေပန်းစားလှပါတယ်။ အနုပညာလောကကို ဝင်ရောက်စမှာပဲ ပုရိသတို့ရဲ့ အားပေးခြင်းကိုခံရပြီး အနုပညာလှုပ်ရှားမှုပေါင်းစုံမှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ သူမက Gym ဆော့တာကိုဝါသနာပါပြီး သူမရဲ့ ကောက်ကြောင်းအလှကလည်း ပရိသတ်တွေကြား နာမည်ကြီးလှပါတယ်။ တလောက လူမှုကွန်ယက်ပေါ်မှာ သူမရဲ့ နောက်ပိုင်းဓာတ်ပုံတစ်ချို့နဲ့ပတ်သတ်တဲ့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီး သူမကတော့ vedio တင်ပြီး ဖြေရှင်းခဲ့ပါတယ် ပရိသတ်ကြီးရေ.........

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။