ယခုလတ်တလော အနုပညာလောကမှာ ဆင်ဆာကိစ္စနဲ့ပတ်သတ်ပြီး အနုပညာရှင်တွေနဲ့ ဆင်ဆာအဖွဲ့တွေကြားမှာ ကွဲလွဲမှုတွေဖြစ်ပေါ်လို့နေပါတယ်။ မင်းသား ဇေရဲထက်ကတော့ သူ့ရဲ့ လူမှုစာမျက်နှာကနေတဆင့် ဒါရိုက်တာ ဂျိုး ရိုက်ကူးထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ "Hate" ဆိုတဲ့ ဇာတ်ကားနဲ့ပတ်သတ်ပြီး ဆင်ဆာထိမှုအပေါ် သူ့ရဲ့ အမြင်ကို ယခုလို ရေးသားပြောဆိုထားပါတယ်။

"ဘာလည်းဟဆင်ဆာ လင်မယားနှစ်ယောက်ပါဆို မနမ်းရဘူးလား(အရမ်းချစ်ကြောင်းပြကြတာလေ) (လင်မယားနှစ်ယောက် နမ်းတာ ရိုင်းရိုင်းပြပြနမးရင်ထား အခုဟာကနူးညံ့သိမ်မွှေ့စွာနမ်းတာလေ သူတို့ကော သူတို့မိန်းမသူတို့ယောကျင်္ားကိုမနမ်ူဖူးဘူးလား)မိန်းမတယောက်က ဝိုင်နီသောက်တာကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာ ဗဟုသုတမရှိတာလားးး။ ဆက်စီကျလို့သာ အဓမ္မ ကျင့်ခြင်းခံရတာလေ ဪ ကျဉ်းထဲကျပ်ထဲရိုတ်ရတာတောင် အဆေင်မပြေမှု့ကြားထဲက ကားကောင်းတကားပညာပေးတကားတောင် ဆင်ဆာဖျတ်နေတာ ဘယ်လိုလုပ်ကောင်းတော့မှာလည်း။

ပြီးတော့ သူ့မိန်းမမှာ ကလေးကိုယ်ဝန်ရှိနေတာတောင်သတ်သေးတာ သူ့ရဲ့မွေးကင်းစ ကလေးလေးနားမှာရက်ရက်စက်စက်ပြန်သတ်တာလေ ကာရိုတ်တာအရ လုပ်ကိုလုပ်မှာလေ ဟူးးးးးးး တော်ပြီ heavy ကားမရိုတ်တော့ဘူး အပေါကားပဲရိုတ်မယ်" ဆိုပြီးတော့ ရေးသားထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ။ လက်ရှိမှာတော့ ဇေရဲထက်ဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး "ရာဇဝင်ရိုင်းတော့မယ်" ဇာတ်ကား စတင်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source: Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။