လူသားတွေနေထိုင်ရာ လောကကြီးက ဆန်းကျယ်မှုတွေနှင့်ပြည့်နှက်နေတာပါ။ နာနာလောက သရဲတွေဆိုတာကလည်း ရှိပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို်ယ်တိုင်က သရဲဲပြိတ္တာတွေနှင့်ပတ်သတ်၍ ဟောထားပါတယ်။ သရဲတွေကတော့ လူသားတွေကို ခြောက်လန့်လေ့ရှိပါတယ်။

ယခု ဖြစ်ရပ်မှာတော့ အမျိုးသားက သရဲခြောက်တဲ့ အကြောင်းကို ဗီဒီယို ရိုက်ထားတာပါ။ အဆိုပါ အမျိုးသား၏နာမည်ကတော့ အဒမ် ဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာနေထိုင်သူပါ။ သူအနေဖြင့် သူ့ကို ကလေးသဖွယ်ပုံစံရှိတဲ့ သရဲတစ်ကောင်က လိုက်လံ ခြောက်လန့်နေတယ်လို့ ယူဆနေပါတယ်။ အဆိုပါ သရဲအနေနှင့် သူ၏ အိပ်မက်ဆိုးတွေထဲက လာတာလို့ အဒမ်ကယုံကြည်နေပါတယ်။ 

အဒမ်က သူတွေ့ကြုံ ခြောက်လန့် ခံခဲ့ရတာကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ ထိုအထဲမှာ သူရဲ့ကြောင်က တစ်ခုခုကို အကြာကြီး စိုက်ကြည့်နေတာတွေ၊ အမည်မသိဖုန်းဝင်လာမှုတွေပါ၀င်ပါတယ်။ အဒမ်က နောက်ဆုံးမှာ ဗီဒီယို ရိုကကုးခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုတွေထဲမှာ ပစ္စည်းတွေ သူ့ဘာသာရွှေ့တာတွေ၊ ကြောင်က လေထဲကအကောင်ကို အကြောင်းမရှိ ဖမ်းတာတွေပါ၀င်နေပါတယ်။ ပရိသတ်ကြီး ကြည့်ရှုလို့ရအောင် အဒမ်၏ ဗီဒီယိုတွေထဲက တစ်ခုကို တင်ပြပေးလိုက်ပါတယ်။

Hein (Mg Lu Aye)

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။