တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချောတစ်လက်ဖြစ်တဲ့ Yoo Seung-Ho ဟာ MBC ရုပ်သံလိုင်း ဒရမ်မာအသစ်ကို ရိုက်ကူးပါဝင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ(၅)ရက်နေ့မှာ သူရဲ့အေဂျင်စီက အခုလို သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။

“Yoo Seung-Ho ဟာ MBC ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြပဖို့ ဆွေးနွေးနေတဲ့ “I Am Love” ဒရမ်မာမှာ ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းမှုကို စဉ်းစားနေပါတယ်။” ဒရမ်မာအတွက် အချိန်ဇယားနဲ့ ထုတ်လုပ်ရေးဝန်ထမ်းများတော့ အခုအချိန်ထိ မဆုံးဖြတ်ရသေးပါဘူးလို့ MBC သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

Yoo Seung-Ho ဟာ ထူးချွန်ပြောင်မြောက်တဲ့ ပန်းချီ(ပုံဆွဲ) ကျွမ်းကျင်မှုရှိပေမယ့် အနုပညာရှင်တစ်ဦး အဖြစ်အနေနဲ့သာ ရပ်တည်နေတဲ့ Kang Chan ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ “I Am Love” ဒရမ်မာဇာတ်ကားဟာ ဘယ်သူ့ဆီကမှ အားပေးထောက်ပံ့မှုကို မရတဲ့ အမျိုးသားတစ်ဦးက အတူရှိချင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းကို အခြေခံထားတဲ့ ဒရမ်မာဇာတ်ကားဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။