ကောက်ညှင်းပေါင်းကောင်းကောင်းလေးလည်းစားချင်တယ် ဆိုင်ကဝယ်စားရတာလည်း မဝဘူးဆိုတဲ့သူတွေအတွက် ဒီနေ့မှာတော့အရမ်းကိုစားလို့ကောင်းပြီး အရသာရှိတဲ့ အုန်းနို့ကောက်ညှင်းပေါင်းလုပ်နည်းလေးကိုဝေမျှပေးချင်ပါတယ်။ အရမ်းစားလို့ကောင်းပြီးထမင်းပေါင်းအိုးနဲ့ အလွယ်တကူချက်စားလို့ရတာမလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
ကောက်ညှင်းဆန် - ၁ ဗူး (နို့ဆီဗူး)
ယိုးဒယား အုန်းနို့ - ၁ ဗူး (အသေး)
သကြား - ၁ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
ကောက်ညှင်းဆန်ကို ရေနဲ့ ၂ ထပ်ဆေး ပြီး ရေစိမ်ထားပါ (မနက်ပေါင်းမယ်ဆို ညကတည်းကစိမ်ထားပါ/ ညနေပေါင်းမယ်ဆို မနက်ကတည်းက စိမ်ထားပါနော်
ရေနွေးဆူအောင် အရင်တည်ထားပါ။
ကောက်ညှင်းဆန်ကို ရေစစ်ပြီး ဆားနှင့်နယ်ထားပါ။
ရေနွေးပွက်ပွက်ဆူလာလျှင် ရေနွေးအိုးပေါ် ပေါင်းခံတင်ပြီး ကောက်ညှင်းဆန်ကို ထည့်ပြီး အဖုံးလုံအောင်အုပ်ပြီး တယ်ထားပါ။
***၁၅ မိနစ်လောက်နေလျှင် အနပ်ညီစေရန် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပြီး အုန်းနို့ကို နည်းနည်းစီထည့်ပေးပါ။
နောက် ၁၅ မိနစ်ကြာလျင် နောက်တခေါက် အထက်အောက်လှန်ပေးပါ။
စုစုပေါင်း ကောက်ညှင်းပေါင်းချိန် ၄၅ မိနစ်လောက်ဆိုလျှင်ကျက်ပါပြီ။
(အုန်းနို့မကြိုက်လျှင် အုန်းနို့နေရာမှာ ရေထည့်ရင်ရပါတယ်ရှင့်)