ပရိသတ်ကြီးရေ အနုပညာသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ အကယ်ဒမီနေတိိုးဟာ မြန်မာပြည်ရဲ ့ထိပ်တန်းစာရင်းဝင်မင်းသားတစ်လက်ဖြစ်တဲ့အပြင် အခုချိန်ထိ အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တိုင်းမှာ အပိုအလိုမရှိ ပရိသတ်တွေကို တင်ဆက်နိုင်သူဖြစ်တဲ့အတွက် ပရိသတ်တွေရဲ ့အခိုင်အမာအားပေးမုှကို ရရှိထားသူပါ။ စွယ်စုံရမင်းသားဖြစ်တဲ့ နေတိုးဟာ သရုပ်ဆောင်ပို်င်းမှာသာမက သီချင်းသီဆိုခြင်း၊ပန်းချီရေးဆွဲခြင်းနဲ ့ဇာတ်ဝင်ခန်းရဲ ့ အထူးပြုလုပ်ချက်တွေအတွက် မိတ်ကပ်ပညာနဲ ့ ပြင်ဆင်ခြယ်သခြင်းတွေမှာလည်း ကျွမ်းကျင်ပိုင်နိုင်မှုရှိတဲ့သူဖြစ်ပါတယ်။

အခုချိန်ထိ အချစ်ရေးမှာ အသံမကြားသေးတဲ့ လူပျိုကြီး မင်းသားနေတိုးရဲ ့ဒီနေ ့မှာ ကျရောက်တဲ့မွေးနေ ့အတွက် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေဟာ အမှတ်တရလက်ဆောင်လေးများကို ပြင်ဆင်ပေးခဲ့ကြပါတယ်။ အနုပညာရှင်တွေဟာ ပရိသတ်အားပေးမှုနဲ ့ရပ်တည်နေကြသူများဖြစ်တဲ့အတွက် ဒီလက်ဆောင်လေးတွေကတော့ မွေးနေ ့ရှင်နေတိုး အတွက် အဖိုးမဖြတ်နိုင်တဲ့ ကြည်နူးဖွယ် အမှတ်တရလက်ဆောင်လေးတွေပဲဖြစ်ပါတယ်။ ဒီအတွက် နေတိုးက

“မွေးနေ့အတွက်ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ကျွန်တော်ချစ်သော ကျွန်တော့ကိုချစ်ကြသော ပရိသတ်များအားလုံးအတွက် အနုပညာကိုဒီထက်မကကြိုးစားသွားပါမယ်လို့ သစ္စာပြုရင်း ထာဝရများအားလုံးအတွက် ထာဝရ နေတိုး” လို ့ပြောခဲ့ပါတယ်။ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ နေတိုးဟာ ဒီနေ ့မွေးနေ ့အလှူအနေနဲ ့ ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအသင်းကို သိန်းတစ်ရာကျော်လှူဒါန်းခဲ့တယ်လို ့လည်းသိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။