ပရိသတ်ကြီးရေ မော်ဒယ်နဲ ့သရုပ်ဆောင်မေပန်းချီဟာ ပရဟိတအလုပ်တွေကို မကြာခဏဆိုသလို စိတ်အားထက်သန်စွာပြုလုပ်ဖြစ်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်တတ်သူအဖြစ် ပရိသတ်တွေအသိအမှတ်ပြုထားကြတဲ့ မေပန်းချီဟာ လက်ရှိမှာတော့ စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စလေးနဲ ့ကြုံတွေ ့ခဲ့ပါတယ်။ သူမရဲ ့ အနေဝေးနေတဲ့ ဖခင်ဖြစ်သူအတွက် အမှတ်တရဖြစ်စေရန်ရည်ရွယ်ပြီး ဖခင်ရဲ ့လုံးချင်းဝတ္ထုတိုပေါင်းချုပ်လေးကို ရောင်းချမယ့်အကြောင်း Live လွှင့်ခဲ့ရာမှာ နားမလည်သူအချို ့က စာအုပ်ရောင်းစားတယ် လုပ်စားတယ်လို ့ပြောဆိုခဲ့ကြတာကို မေပန်းချီက ကြံုတွေ ့ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်သူမ ပြောချင်တဲ့ အကြောင်းအရာအားလုံးကိုတောင် ဆုံးအောင်မပြောဖြစ်ခဲ့တဲ့အကြောင်း မေပန်းချီက ပရိသတ်တွေကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

“နားမလည်တဲ့သူအချို့ အတွက်တော့ စာအုပ်ရောင်းစားတယ် လုပ်စားတယ်လို့ ထင်ကြမှာပါ ဒါဟာ ကျွန်မဘဝအတွက်အမှတ်တရတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခု အနေဝေးနေတဲ့အဖေ့အပေါ်ဘာမှတာဝန်မကျေခဲ့တဲ့အတွက်ပထမဦးဆုံးရည်ရွယ်ပြီး ကျွန်မရဲ့ချွေးနှဲစာနဲ့ထုတ်ပေးခဲ့တဲ့ဖေဖေ့ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုတိုပေါင်းချုပ်လေးပါ

Liveလွှင့်ချိန်မသိနားမလည်တဲ့သူတွေစကားကြောင့်ကြည်နူးနေတဲ့ကျွန်မစိတ်လေးအနှောက်အယှက်ဖြစ်ရပါတယ် ကျွန်မပြောချင်တဲ့ဒီစာအုပ်နဲ့ပတ်သက်ပြီးအဆုံးသတ်စကားလေးကို လူအချို့ကြောင့် မပြောလိုက်ရလို့ပါ ပြောချင်တာက ဒီစာအုပ်လေးရောင်းရငွေအားလုံးကို (မိဘမဲ့ခလေးတွေအတွက် )ကျွန်မရည်ရွယ်ပါတယ်” လို ့မေပန်းချီက ပြောခဲ့ပါတယ်။ ရည်ရွယ်ချက်ကောင်းလေးနဲ ့ရောင်းချဖြစ်မယ့်ဝတ္ထုတိုပေါင်းချုပ်စာအုပ်လေးကို စာပေချစ်သူများက ဖတ်ရှု ့အားပေးရင်းနဲ ့မေပန်းချီရဲ ့မွန်မြတ်တဲ့အလှူဒါနလေးမှာ ပါဝင်နိုင်ပါတယ်နော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။