ရခိုင်ပြည်နယ်က စစ်ဘေးသင့်နေတဲ့ ပြည်သူတွေအတွက် အလှုပြုလုပ်ဖို့ သရုပ်ဆောင် ခိုင်နှင်းဝေဦးဆောင်တဲ့ "ခိုင်​နှင်​း​ဝေ ပရဟိတ"အဖွဲ့ မှ အစားအသောက်များ ရောင်းချခဲ့ကြောင်းသိရပါတယ် ။ အလကာင်္ကျော်စွာ ရွှေမန်းတင်မောင်ရဲ့ သားထွေး ရွှေမန်းချမ်းသာ နှစ် (၄၀) ပြည့်ဇာတ်သဘင်ကပွဲကြီးကျင်းပရာ အမျိုးသားဇာတ်ရုံမှာသွားရောက်ရောင်းချခဲ့တာဖြစ်ပြီး အရင်းရောအမြတ်ငွေတွေကိုပါ သဘင်အစည်းအရုံးမှတဆင့် ရခိုင်ပြည်နယ် ရှိ စစ်ဘေးခံစားနေရသော ပြည်သူတွေ အတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ် ။

" ပျော်တာ ပျော်တာ ဆိုတာမပြောပါနဲ့တော့..အလှူအတွက် ကိုယ်တိုင်သုပ်ပြီးရောင်းတယ်လေ.ရွှေမန်းချမ်းသာ နှစ် ၄၀ ပြည့် ပွဲမှာ ဒီနေ့တော့ ကိုယ်က အသုပ်စုံ ရောင်းပြီး

လာတု့ အရင်းရော အမြတ်ပါ ရခိုင်မှပြည်သူပြည်သားတွေအတွက် ထပ်မံလှူဒါန်းနိုင်ရန်အတွက် ကိုယ်တိုင်ရောင်းပြီး ကျမရဲ့ ပရဟိတအဖွဲ့နှင့်အတူ အလှူလေးပြုလုပ်ခဲ့ပါတယ်.ကျမကိုယ်တိုင်သုပ်တဲ့ အသုပ် စားကောင်းတယ်ဆိုတော့ ပိုပြီးဝမ်းသာရတာပေါ့.

အလှူအတွက်ပီတိရယ် အသုပ်စားကောင်းလွန်းလို့ဆိုပြီး ထပ်ထပ်လာစားကြတော့ မမောနိုင်ပဲ ကျမ ပျော်ရတာပေါ့..လာစားတဲ့ အလှူရှင်များအားလုံးကိုလဲကျေးဇူးတင်သာဓုခေါ်ဆိုပါတယ်ရှင့်... " လို့ ပရဟိတ အလုပ်အတွက် ပျော်ပျော်ရွှင်ရွှင် အားကြိုးမာန်တတ် လုပ်ဆောင်ခဲ့ပုံတွေကို သူမကပြောပြထားပါတယ် ။ ရခိုင်ပြည်နယ်ရံပုံငွေ အလှုပွဲအတွက် ခိုင်နှင်းဝေအပြင် အခြားသဘင်အနုပညာရှင်များကလည်း အစားအစာများ ၀င်ရောက်ရောင်းချပြီး အားဖြည့်ခဲ့ကြတာပါ ။ 

ငွေအား လူအား စိုက်ထုတ်ပြီး လုပ်ဆောင်ခဲ့ကြတဲ့ အလှုလေးအတွက် သာဓုခေါ်ဆိုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ .... 

သတင်းအရင်းမြစ် Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။