သေဆုံးသွားတယ့်သူမကိုရေခဲတိုက်သိုရောက်ခဲ့ပြီးကာမှ အသက်ပြန်ရှင်လာတယ့်အမျိုးသမီးကတော့ ထူးထူးဆန်းဆန်းပါပဲ။ဒီအဖြစ်အပျက်လေးကတော့ အိန္ဒိယနိုင်ငံမှာဖြစ်သွားခဲ့တယ့်သတင်းပါ။စက်တင်ဘာ၇ရက်နေ့က ဖော်ပြထားတာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ရတ်သ်နမ်အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အသားဝါရောဂါကို နာတာရှည် ခံစားခဲ့ရတာဖြစ်ပြီး ဆေးရုံမှာ ၂ လကြာ တက်ရောက်ကုသခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမယ့် ဘယ်လိုမှမသက်သာဘဲ နောက်ဆုံးမှာတော့ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေပါ ချို့ယွင်းခဲ့တာမို့ အိမ်ကိုပြန်ခေါ်ထားပြီး နောက်ဆုံးအချိန်ကို ဖြတ်သန်းနိုင်ဖို့ ဆွေမျိုးတွေက ဆုံးဖြတ်ခဲ့ကြတာပါ။

ဆေးရုံကနေ အိမ်ကိုပြန်ခေါ်လာခဲ့ပြီး အိမ်ရောက်ချိန်မှာတော့ သူဟာ မလှုပ်ရှားတော့တာမို့ ဆွေမျိုးသားချင်းတွေက သေပြီလို့ ဆုံးဖြတ်ခဲ့ကြကာ ရေခဲတိုက်ဆီ လွှဲပြောင်းဖို့ လုပ်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက် ရေခဲတိုက်ထဲမှာ သူ့ကိုထားခဲ့ပြီး တနာရီလောက်အကြာမှာတော့ ရိုးရာဓလေ့ထုံးတမ်းနဲ့ ဈာပနအခမ်းအနား ကျင်းပဖို့ ပြင်ဆင်ချိန်မှာပဲ ရတ်သ်နမ်ဟာ အသက်ရှူပြီး ပြန်လည်လှုပ်ရှားလာခဲ့တာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

“သူ့ရဲ့ ဆွေမျိုးသားချင်းတွေဟာ သေသွားပြီလို့ ဆုံးဖြတ်ခဲ့ကြတာ။ သူ့ရဲ့ နာရေးအခမ်းအနား လုပ်တဲ့အချိန်ကျမှ ပြန်လှုပ်ရှားပြီး အသက်ရှူနေတာကို သတိထားမိခဲ့ကြတာ။ အဲဒါကြောင့် ဆေးရုံကို ပြန်လွှဲခဲ့တာပါ” လို့ ပြောပါတယ်။ဒါပေမယ့် ကံမကောင်းစွာဘဲ သူဟာ ဆေးရုံရောက်ပြီး အချိန်ပိုင်းလေးအတွင်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သတင်းအရင်းအမြစ်-ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။