ပရဟိတနှင့် နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူသည် ရခိုင်ဒေသရှိ အကြမ်းဖက်ခံရသော စစ်ဘေးဒုက္ခသည်များကို အလှူငွေများနှင့် အသင့်စားအစာများကို ထပ်မံလှူဒါန်းလိုက်ကြောင်း သိရပါတယ်။ အလှူရှင်များ လာရောက်လှူဒါန်းကြသော အသင့်စား မားမားခေါက်ဆွဲ၊ မြို့တော်ဘီစကွတ်၊ ရှမ်းရွှေတောင်လက်ဖက်၊ ဆန်၊ ငါးသေတ္တာဗူးများနှင့် ငွေကျပ်(၁၈)သိန်းခွဲ ကို လက်ခံရရှိကာ ရခိုင်ဒေသရှိဒုက္ခသည်များသို့ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဦးကျော်သူ အသုံးပြုတဲ့ fb စာမျက်နှာတွင် အခုလို ရေးသားထားပါတယ်။

"ကုသိုလ်သာရမည်အခြား မည်သည့်အခွင့်အရေးမှမရဟူသော

့မြင့်မြတ်သော နေရာဌာနတစ်ခုနှင့် ကျော်သူကွန်ရက်။

ကျော်သူပရဟိတကွန်ယက်(အထက်မြန်မာပြည်)နှင့် မန္တလေးမြို့ရှိသာသနာ့ပါလ လူမှုရေးအသင်းတို့ ပူးပေါင်း၍" ကုသိုလ်မှလွဲ၍အခြား မည်သည့်အခွင့်အရေးမှမရပါ"ဆိုသည့် သာသနာ့ပါလရုံးချုပ်တွင် ရခိုင်ပြည်နယ်ရှိဒုက္ခသည်များအတွက် လာရောက်လှူဒါန်းကြသော မာမားခေါက်၊ မြို့တော်ဘီစကွတ်၊ ရှမ်းရွှေတောင်လက်ဖက်၊ ဆန်၊ ငါးသေတ္တာဗူးများနှင့် ငွေသား၁၈သိန်းခွဲ(၁၈၅၀၀၀၀/ိ-)အား ယနေ့ ကျွန်တော်မှ လက်ခံမှတ်တမ်းတင်ခဲ့ကာ ဒုက္ခသည်များရှိရာ ရခိုင်ဒေသသို့ ယနေ့ညနေဖက်တွင် အလျင်မြန်ဆုံး ပို့ဆောင်ကူညီလှူဒါန်းသွားမည်ဖြစ်ပါသည်။" ဟုရေးသားထားပါတယ်။

စက်တင်ဘာလ(၈)ရက်နေ့တွင် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် စစ်တွေမြို့တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများအနက်မှ ကယ်ဆယ်ရေးစခန်း(၅)ခုသို့ ဒေသခံများနှင့်အတူ ငါးသေတ္တာပုံးများ၊ ကြက်ဥကဒ်များ၊ လက်ဖက်နှင့် အေကြာ်စုံပုံးများ၊ ဆေးဝါးပစ္စည်းအမယ်စုံ၊ အသင့်စား ကွတ်ကီးများနှင့် အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။