မော်ဒယ်လဲဖြစ် Presenter တစ်ယောက်လည်းဖြစ်တဲ့ အေးချမ်းမိုးက ပညာရေးမှာလဲ ထူးချွန်ပြီး ဆေးကျောင်းသူလေးတစ်ဦးဖြစ်တယ်ဆိုတာ

သူမရဲ့ ပရိတ်သတ်တွေကတော့ သိကြပါတယ် ။ ခုတော့ ဆေးကျောင်းသူလေး အေးချမ်းမိုးမဟုတ်တော့ပါဘူး Doctor အေးချမ်းမိုးလို့ ခေါ်လို့ရပါပြီတဲ့ ။

ဆေးတက္ကသိုလ် ၁ မှာ ဆေးပညာကို သင်ယူပြီးဆုံးခဲ့ပြီး ဘွဲ့နှင်းသဘင်မှာ ဒေါက်တာဘွဲ့ကို ရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ် ။

ဆရာဝန်အနုပညာရှင်တွေထဲ အေးချမ်းမိုးလည်းတစ်ယောက်အပါအဝင်ဖြစ်လာတော့မှာပါ ။ 

ဘဝရဲ့ မှတ်တမ်းတစ်ခုဖြစ်လာမယ့် ဘွဲ့ယူတဲ့အခမ်းအနားအမှတ်တရပုံလေးတွေမှာ ပျော်ရွှင်နေတဲ့ အေးချမ်းမိုးကိုတွေ့မြင်ရသလို ဘွဲ့ဝတ်စုံလေးနဲ့ အရမ်းလဲခန့်ထည်နေခဲ့တာကိုလည်းတွေ့ရှိရပါတယ် ။

ဘွဲ့ယူစဉ်က မြန်မာဆန်ဆန်လေးနဲ့ တော်ဝင်ဆန်စွာ လှပနေခဲ့သလို ဘွဲ့ရရှိခြင်းအထိမ်းအမှတ် Dinner ကိုလည်း ပွဲတက်ဝတ်စုံလှလှလေးနဲ့ တတ်ရောက်ခဲ့ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကလေးကတော့ အေးချမ်းမိုးအတွက် အမှတ်တရနေ့လေးတစ်နေ့ဖြစ်နေတော့မှာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Aye Chan Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။