စက်တင်ဘာ ၁၄ ရက်နေ ့မွေးနေ ့ရှင် ကျော်ထက်အောင်ဟာ မွေးနေ ့အကြို အလှူအနေနဲ ့မနေ ့က မန္တလေးမြို ့နန်းတော်ရှေ ့မင်္ဂလာရာမရွှေဘိုတိုက် ထေရဝါဒကျောင်းမှာ နေ ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့အပြင် သုခရိပ်မြုံ HIV မိဘမဲ့ ကလေးစောင့်ရှောက်ရေးဂေဟာ မှာ တစ်နေ ့တာ အာဟာရလှူဒါန်းခြင်းတို ့ကို ချစ်ရတဲ့အမျိုးတွေနဲ ့အတူ ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ကျော်ထက်အောင်က သူ ့အတွက် အမှတ်တရရှိတဲ့ မွေးလ စက်တင်ဘာလရဲ ့အလှူအဖြစ် ၁၇ ရက်နေ ့မှာလည်း နန်းဦး တိုင်းရင်းသားပေါင်းစုံ ဖွံ ့ဖြိုးရေးဂေဟာမှာရှိတဲ့ သံဃာတော်တွေနဲ ့ကျောင်းသားတွေကို တစ်နေ ့တာ အာဟာရ လှူဒါန်းခြင်းတို ့ကို ပြုလုပ်သွားမှာဖြစ်တယ်လို ့သိရပါတယ်။

တစ်နှစ်မှာ တစ်ခါသာ ကျရောက်တဲ့မွေးနေ ့ရက်မြတ်လေးအတွက် ရည်ရွယ်ပြီး အခုလို လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းပြီး ကုသိုလ်ယူဖြစ်ခဲ့တဲ့ ကျော်ထက်

အောင်ရဲ ့အလှူဒါနပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖေါ်ပြလိုက်ပါတယ်နော်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ ့ဦးဘဂျမ်း ပုဆိုးကြော်ငြာကို ရိုက်ကူးထားသလို ကျောင်းဆရာတစ်ယောက်အနေနဲ ့ကျော်ထက်အောင် အကောင်းဆုံးကြိုးစားပါဝင်သရုပ်ဆောင်ထားတဲ့ နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒီလ ၁၅ ရက်နေ ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။