သရုပ်ဆောင်ခင်ဝင့်ဝါ ကို၀န်းရံကြတဲ့ ပရိတ်သတ်တို့ရေ ...

မင်းသမီးလေးကတော့ ရိုင်းသွားရင်ခွင့်လွှတ်ပါလို့ပြောလိုက်ပါတယ် ။

ရိုင်းရတဲ့ အကြောင်းရင်းကတော့ ဇာတ်ကားထဲက ကာရိုက်တာ ကြောင့်ပါ ။

ဖက်ရှင်(fashion) ရုပ်ရှင်ဇာတ်ကား မှာ ခင်ဝင့်ဝါသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ရဲ့ ရင့်ရင့်သီးသီး ပြောဆိုတဲ့ ဇာတ်ဝင်ခန်းအတွက် ခင်ဝင့်ဝါကတောင်းပန်လိုက်တာဖြစ်ပါတယ် ။ 

“ရိုင်းတဲ့ပုံစံဖြစ်ပါတယ်။ မြန်မာလူမျိုးအနေနဲ့ လူကြီးသူမတွေကို အော်ဟစ်ပြောဆိုနေတာက ရိုင်းတဲ့အပြုအမူပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကားထဲမှာ ဇာတ်ကောင်စရိုက်အရ ကောင်မလေးဟာ မော်ဒယ်တစ်ယောက်ဖြစ်ပြီး အလှမယ်တစ်ယောက်ဖြစ်အောင် လုပ်နေတဲ့အချိန်မှာ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်စိတ်ဆန္ဒအရ ပေါက်ကွဲပြီးပြောဆိုလိုက်တာတွေ၊ လူကြီးသူမမှန်းမသိဘဲ ပြောလိုက်ရတာတွေရှိပါတယ်။ ဒါတွေဇာတ်ဝင်ခန်းအရ ဇာတ်ကောင်စရိုက်နဲ့ညီအောင် သရုပ်ဆောင်ရတာပါ။ ပရိသတ်အမြင်မှာ ရိုင်းတယ်လို့မြင်ရင် တောင်းပန်ပါတယ်” လို့ ခင်ဝင့်ဝါက အခရာ ရဲ့ အင်တာဗျူးတစ်ခုမှာဆိုခဲ့ပါတယ် ။ 

မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံပါပါ၀င်တဲ့ ထို ဖက်ရှင်ဇာတ်ကားမထွက်လာခင်ထဲက ပရိတ်သတ်တွေကြား စိတ်ဝင်စားမှု များပြားနေခဲ့တာပါ ။

ထို ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းအတွက် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားတဲ့အတွက် ပရိတ်သတ်ရဲ့ အားပေးမှု ကို မျှော်လင့်နေတယ်လို့လဲဆိုထားပါတယ် ။

နောက်ထပ်အနုပညာလှုပ်ရှားမှုအနေနဲ့ စာရေးဆရာမ မေသင်္ကြန်ဟိန်းရဲ့ ဘဝအကြောင်းရေးထားတဲ့ ၀တ္ထုကို ပြန်ရိုက်မယ့် “ကျွန်မချစ်သောသူတွေ”ဇာတ်လမ်းတွဲမှာ ပါ၀င်သရုပ်ဆောင်ဖို့ရှိတယ်လို့ သိရှိရပါတယ် ။

သတင်းအရင်းမြစ် akhayar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။