ဗွီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ စည်ဖြိုး နဲ့ သူ့ရဲ့ အဒေါ်ဖြစ်သူ နာမည်ကြီး ဗေဒင်ဆရာမ အီးတီ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ။

သူတို့တူဝရီးနှစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြအသနားခံပေးခဲ့ဖူးတာပါ။

သရုပ်ဆောင်စည်ဖြိုး ရဲ့ (၅၈)နှစ်အရွယ် အဒေါ်ဖြစ်သူဟာ စက်တင်ဘာလ(၁၀)ရက်မနက်မှာ ဆုံးပါးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေကတော့ အခုလို စည်ဖြိုးရဲ့ အဒေါ်ဖြစ်သူ ဗေဒင်ဆရာမအီးတီ လို စိတ်ကောင်းစေတနာရှိတဲ့သူ ရုတ်တရက်ကွယ်လွန်သွားတာကြောင့် မယုံကြည်နိုင်အောင်ဖြစ်နေကြပါတယ်။

သေခြင်းတရားဆိုတာ တော့ လူတိုင်းကြုံရမှာမို့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားပြီး အသက်ရှင်နေစဉ် ပျော်ပျော်ရွှင်ရွှင်နေသွားဖို့က အရေးကြီးတယ်မဟုတ်လား ပရိသတ်ကြီးရေ။

သရုပ်ဆောင် စည်ဖြိုးလည်း သူချစ်ရတဲ့ အဒေါ်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေမှာအမှန်ပါပဲ။

ပရိသတ်ကြီး ဗေဒင်ဆရာမအီးတီအတွက် ကောင်းရာဘုံဘဝရောက်အောင် ဆုတောင်းပေးလိုက်ပါဦးနော်။  

Source : Pyit Taing Htaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။