ဟိန်းဝေယံကတော့ ပရိသတ်တွေသိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အနုပညာလေကရဲ့ နာမည်ကြီးမင်းသားတစ်လက်ပေါ့။အနုပညာလှုပ်ရှားမှုများစွာနှင့် ရုပ်ရှင်ဗီဒီယို ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးထားခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားသူပါ။တလောကအနုပညာလှုပ်ရှားမှုတွေနည်းနေခဲ့ပေမယ့်လည်း ယခုအခါရုပ်ရှင်ဇာတ်ကားတွေဆက်လက်ရိုက်ကူးလျက်ရှိတယ်လို့လည်းသိရပါတယ်။နောက်ပြီးဟိန်းဝေယံက ဘဝ ကိုအေးအေးဆေးဆေးဖြတ်သန်းချင်ပြီး ကံကံ ၏ အကျိုးကိုယုံတယ်လို့ဆိုပါတယ်။

အနုပညာရှင်သမားတစ်ယောက်ဖြစ်တယ့်အတွက် အတိုက်အခိုင်တွေ၊အနှောက်အယှက်တွေများစွာရှိခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ဒါပေမယ့် ဘဝကိုအေးအေးဆေးဆေး အေးအေးချမ်းချမ်းလေးနဲ့ပဲဖြတ်သန်းချင်တယ်။ဘာမှ အတိုက်အခိုက်တွေလည်းမဖြစ်ချင်ဘူး။တချို့ကိစ္စတွေ၊ ဖြေရှင်းသင့်တယ်လို့ ကိုယ့်စိတ်ထဲမှာထင်တဲ့အရာတွေကိုပဲ ဖြေရှင်းတယ် လို့ပြောပါတယ်။

ပြီးတော့ ကျွန်တော် ကလည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့အတွက် ကံကံ ၏ အကျိုးကို ယုံတယ်။ ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ မကောင်းတဲ့သူ ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ဝဋ်ဆိုတာလည်တတ်တယ်။ အဲဒီလိုပဲ စိတ်ကိုထားလိုက်ပါတယ်။

ဟိန်းဝေယံ , ရွှေမှုံရတီ တို့နဲ့အတူပါဝင်သရုပ်ဆောင်ထားသော " ဘာညာ ဘာညာ " ရုပ်ရှင်ကားကြီးတွင် မြန်မာပြည်ရဲ့ ထိပ်တန်းဟာသသရုပ်ဆောင် ( ၂၁ ) ယောက်နှင့်အတူအနုပညာရှင်များစွာရိုက်ကူးထားသောရုပ်ရှင်ကားကြီးကို

မကြာမှီရုံတင်ပြပါတော့မှာလည်းဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-ဟိန်းဝေယံလှုပ်ရှားမှုများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။