နေတိုးဟာဆိုရင် သူရဲ့ အနုပညာသက်တမ်းတလျှောက်မှာ အောင်မြင်မှုတွေ ဆွပ်ခူးထားတဲ့ မင်းသားတစ်ယောက်လည်းဖြစ်သလို သူ့ရဲ့ အမာခံ ပရိသတ်တွေလည်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ထွက်လာတဲ့ ကောလဟာလတွေနှင့် ပတ်သက်ပြီး ပြောသွားတဲ့အပြင်သူမစွံသေးတဲ့ အကြောင်းအရင်းကိုလည်းပြောသွားပါတယ်။
ကောလဟာလတွေနှင့် ပတ်သက်ပြီးတော့ အချိန်က ကုစားသွားမှာဖြစ်တယ်လို့ပြောသွားပါတယ်။ ထို့အပြင်သူ့ဘက်ကနေပြီး ဖြေရှင်းတာလဲမဟုတ်သလို ထွက်တဲ့သတင်းကလည်းမဟုတ်ဘူးလို့ပြောသွားပါတယ်။ သူရဲ့ ပရိသတ်တွေတော်တော်များများကတော့ သူ့ကို တစ်ယောက်တည်း မမြင်ချင်တော့ဘူးလို့ဆိုပါတယ်။
သူအစွံသေးတဲ့အကြောင်းနှင့် ပရိသတ်တွေသိချင်နေတဲ့ သူ့ရဲ့ အချစ်ရေးနှင့် ပတ်သက်ပြီးတော့ မေးမြန်းတဲ့ အခါမှာ သူ့အနေနှင့် အဲ့ဒီမေးခွန်းကို သူ့ကိုသူပြန်မေးနေရတုန်းဘဲလို့ဆိုပါတယ်။ အဓိကကတော့ သူမဖြေသေးလို့ပေါ့ဆိုပြီးပြောသွားတဲ့နေတိုးမှာ ချစ်ခွင့်ပန်ထားတဲ့သူရှိနေပြီလားဆိုတာတော့ မေးခွန်းထုတ်စရာဘဲနော်။
Source: Myanmarcelebrities
Anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။