အနုပညာအလုပ်တွေမလုပ်ဖြစ်တော့တဲ့ တစ်ချိန်က ကျော်ကြားခဲ့တဲ့ မင်းသမီးချောနန္ဒာလှိုင်ကတော့ အိမ်ထောင်ကျပြီးနောက် သမီး(၃)ယောက်နဲ့အတူ နေထိုင်နေတာပါ။

မြင်သူတိုင်းချစ်ကြတဲ့ သမီးလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကို နန္ဒာလှိုင်က သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ ပြန်လည်မျှဝေလေ့ရှိပါတယ်။

စက်တင်ဘာလ(၉)ရက်နေ့မှာတော့ နန္ဒာလှိုင်က သူမရဲ့ သမီးလေးတွေ အိမ်မှာ အားကစားလုပ်နေတဲ့ ပုံလေးတွေကို တင်ထားပါတယ်။

၀၀ကစ်ကစ်သမီးလေး(၃)ယောက်အနက် အကြီးဆုံးသမီးလေး ၀တီက နေအိမ်မှာ ပြေးစက်နဲ့ ၀ိတ်ချနေတဲ့ပုံပါပဲ။

အငယ်မလေးနှစ်ယောက်ကလည်း အားကျမခံ ပြေးစက်ပေါ် ပြေးနေရင်း ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို သူမတင်ထားတဲ့ ဓာတ်ပုံလေးတွေထဲမှာ တွေ့နိုင်ပါတယ်။

၀၀ကစ်ကစ်ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတွေကြောင့် အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ နန္ဒာလှိုင် ဘယ်လောက်တောင်ကြည်နူးပီတိဖြစ်နေမလဲဆိုတာ ပရိသတ်တွေလည်း ခံစားမိမှာပါ။

ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ နန္ဒာလှိုင်ဟာ ယခင်က ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး အကယ်ဒမီဆွတ်ခူးထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ 

Source : Nandar Hlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။