မကြာသေးခင်ကဘဲ ရဲရင့်အောင်ရဲ့ Rocker အချိုရည် သီချင်းကို Bobby သီချင်းကို ကူးချထားတယ်ဆိုပြီး သတင်းထွက်လာတဲ့အချိန်မှာ ယခုအခါမှတော့ SM က EXO-L ရဲ့ Lotto သီချင်းဟာ ရဲရင့်အောင်ရဲ့ ချေ အယ်လဘမ် အိမ်မပြန်တော့ဘူးလားနှင့် သွားတူနေသောအခါ....

ရဲရင့်အောင်ဟာ မကြာသေးမီအချိန်က ချေ ဆိုတဲ့ သီချင်းအခွေကို ဖြန့်ချိခဲ့ပြီး လူငယ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ ထိုအခွေထဲမှာပါတဲ့ Bonus track ဖြစ်တဲ့ အိမ်မပြန်တော့ဘူးလား သီချင်းဟာ Exoရဲ့ Lotto သီချင်းကို ကူးချထားတယ်လို့ဆိုပါတယ်။

ပထမအကြိမ် Bobby သီချင်းတုန်းကတော့ ရဲရင့်အောင်ဟာ သူ လွန်ခဲ့တဲ့ ခြောက်လတုန်းကရေးထားတဲ့ သီချင်းဆိုပြီး ပြန်လည်ချေပခဲ့ပြီး သီချင်းတီးလုံးမှာ လည်းမတူညီတဲ့နေရာတွေ ပါနေခဲ့တဲ့အတွက် ထို ကဲ့သို့ကူးယူထားခြင်းကို လက်မခံတဲ့သူတွေရှိနေခဲ့သော်လည်း ဒီတစ်ခေါက်မှာတော့ intro က အစ သံစဉ်တွေ chorus တွေ အကုန်သွားတူနေတာကိုတွေ့ရပါတယ်။

fandom အလွန်ကြီးမားတဲ့ EXO အဖွဲ့ရဲ့ သီချင်းကို မှ သွားထိလိုက်တဲ့ ရဲရင့်အောင်တစ်ယောက်ဒီတစ်ခါတော့ ငြင်းပယ်လို့မရတော့ပါဘူး။ ယခုအချိန်မှ ပထမဆုံးကူးတယ်ဆိုရင်တော့ ဘာမှသိပ်ပြီးပြောဆိုမိမှာ မဟုတ်ပေမယ့်လဲ bobby ရဲ့ သီချင်းကိစ္စက ခံနေတဲ့အပြင် ခြောက်လနှင့် ညပ်ပြီး ပြောထားတဲ့ ရဲရင့်အောင်ဟာ ဒီတစ်ခါတော့ အသေအကြေဝေဖန်တာခံနေရပါတယ်။

သီချင်းကို ကူးထားတဲ့ဆိုတာ နလပိန်းတုံးနားထောင်ရင်တောင်သိနိုင်မှာဖြစ်တဲ့အပြင် သူ့ကို အပီဖဲ့ဖို့ခြောင်းနေကြတဲ့ သူတွေအတွက် ရဲရင့်အောင်တစ်ယောက်ဒီသီချင်းကိုထည့်လိုက်သလားတောင်အောက်မေ့ရပါတယ်။

သူတို့အချင်းချင်းသာမတည့်မယ် တစ်ခြားသူဗတွဆိုရင် နဂိုကတည်းက စည်းလုံးနေတဲ့ kpopper တွေ ရဲ့ တတွေးခွက်မှာ ရဲရင့်အောင်တစ်ယောက်မြောနေမှာတော့ လုံးဝသေချာပါတယ်။ ကိုယ်တိုင် ဆုံးဖြတ်ပြီး နားထောင်လို့ရအောင်လို့ Exo ရဲ့ Lotto သီချင်းကိုထည့်ပေးလိုက်တယ်နော်။ ကိုယ်တိုင်နားထောင်ပြီးဆုံးဖြတ်ကြပေါ့။ ဒီတစ်ခေါက်တော့ မှန်လို့လားမသိ ရဲရင့်အောင်ဘက်က ဘာသံမှ မထွက်သေးပါဘူး။

သတင်းအရင်းမြစ် ရဲရင့်အောင်ရဲ့ အိမ်မပြန်တော့ဘူးလားနားထောင်ရင်ဒီကို နှိပ်ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။