ချစ်သက်တမ်းတွေအကြာကြီးတွဲခဲ့ပြီး အိမ်ထောင်သက်တမ်းတစ်နှစ်နီးပါးရှှိတဲ့ မြင့်မြတ် တို့စုံတွဲကတော့ ပရိသတ်တွေကြားမှာ အတုယူအားကျစရာစုံတွဲလေးအဖြစ်နာမည်ကြီးပါတယ်။

အနုပညာလောကထဲနာမည်ပျက်မရှိသလို သဘာဝကျကျဇာတ်ရုပ်ပီပြင်လွန်းတဲ့အတွက် ရုပ်ရှင်မင်းသား မြင့်မြတ်ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ။

လက်တလောမှာတော့ ကားရိုက်တွေဆက်နေတဲ့ မြင့်မြတ် တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်ကို မိန်းမဖြစ်သူအတွက် ချက်ကျွေးဖို့ စျေးဝယ်ထွက်နေတယ်လို့ သိရပါတယ်။

သဘာဝမင်းသားမြင့်မြတ် ကို အခုလို သူ့ရဲ့ပြင်ပအချိန်လေးမှာ မိန်းမဖြစ်သူအတွက် ဂရုစိုက်ချစ်ပုံကတော့ ပရိသတ်အချို့တောင် စနောက်ထားကြပါတယ်။

မြင့်မြတ် ဟာ တစ်ခါတစ်ရံ အနုပညာလှုပ်ရှားမှုတွေနဲ့ခရီးထွက်နေရင်တောင်မှသူ့ရဲ့ ဇနီးချောလေးကိုပါ အတူ ခေါ်ထားတာကို တွေ့ဖူးပါတယ်။

ကွီးမြင့်မြတ် ဘာတွေဝယ်ပြီး ချက်ကျွေးမှာလဲဆိုတာ Original Gangter 2 မှာ တင်ထားတဲ့ ဓာတ်ပုံလေးတွေကြည့်လိုက်ပါဦး

မြင့်မြတ်ကို Original Gangster2 မှာ ငထူးအဖြစ် မြင်ရမှာဖြစ်ပြီး ပရိသတ်အကြိုက်ဇာတ်ကားဖြစ်မယ်လို့ထင်ပါတယ်။ 

Source- Original Gangster fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။