အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့နေများ ကိုယ့်အားကိုယ်ကိုးပြီး အမှိုက်ကောက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံရှိ စီးပွားရေးမြို့တော်ဖြစ်သည့်မွမ်ဘိုင်းတွင် နေထိုင်သူ များသည် မြို့ကမ်းရိုးတန်းတစ်လျှောက်တွင် အမှိုက်များ စုပုံလာသော ကြောင့်စည်ပင်သာယာဌာနကိုအားကိုးခြင်းမပြုတော့ဘဲလက်အိတ်နှင့် မျက်နှာဖုံးများစွပ်ကာ အမှိုက်ကောက်မှုများကို ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြပြီဖြစ်သည်။ မြို့ကြီးစိတ်ထားများကို မွမ်ဘိုင်းမြို့သူမြို့သားများကပြခဲ့ခြင်းပင်ဖြစ်သည်။ 

ယခုကိစ္စနှင့်ပတ်သတ်၍ ''ရုံးတော်ကိုတက်လို့ရတယ်၊ စည်ပင်သာယာဌာနကို တိုင်လို့ရတယ၊် ဒါပေမယ့် ကိုယ့အားကိုယ်ကိုးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်''ဟု အမှိုက်ကောက်မှုကို ဦးဆောင်ခဲ့သည့် ရှေ့နေ အာဖရိုဇ်ရှားကပြောဆိုခဲ့သည်။ ရှားနှင့် အိမ်နီးချင်းတစ်ဦးတို့သည် မွမ်ဘိုင်းရှိ ဗာဆိုဗာကမ်းခြေ၌ စတင်ပြီး အမှိုက်ကောက်ခဲ့သည်။ တဖြည်းဖြည်းနှင့် ၄ငး်တို့နှစ်ဦးနှင့်အတူ စေ တနာ့ဝန်ထမ်းများ၊ နိုင်ငံခြားသားခရီးသွားများလည်း ပါဝင်လာခဲ့သည်။ ရုံးပိတ်ရက် ၉၈ ရက်အကြာတွင်အမှိုက်ကောက်သူများသည် အမှိုက် ကီလိုဂရမ်ငါးသန်း(ပေါင် ၁၁ သန်း) ကို ကောက်ယူနိုင်ခဲ့သည်။

''ဒီအမှိုက်တွေကို ကျွန်တော်တို့ပစ်ခဲ့တာလေ၊ ကျွန်တော်တို့ပဲ ကောက် ရမှာပေါ့''ဟုရှားက ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသားတစ်ဦးချင်းစီ သည် နေ့စဉ်အမှိုက် ၂ဝဝ မှ ၆ဝဝ ဂရမ်(၇ အောင်စမှ ၁ ဒသမ ၃ ပေါင်) အထိ စွန့်ပစ်နေကြောင်း အိန္ဒိယအစိုးရက ပြောဆိုခဲ့သည်။၂ဝ၁၄ ခုနှစ် တွင် အစိုးရသည် သန့်ရှင်းသော အိန္ဒိယဆိုသည့် အစီအစဉ်ကို ချမှတ်ပြီး အမှိုက်မပစ်ရေးလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့သည်။ သို့သော် သုံးနှစ် ကြာမြင့်ခဲ့သော်လည်းလူများသည် အမှိုက်များကို ပလတ်စတစ်အိတ်များထဲထည့်ပြီး မြစ်ကမ်းစပ်၊ ပင်လယ်ထဲသို့ပစ်ချနေဆဲဖြစ်သည်။ နယူးဒေလီမြို့ရှိ နေ့စဉ်စွန့်ပစ်နေသောအမှိုက်တန် ၁၅,၅ဝဝ ကို သန့်ရှင်းရေး လုပ်ဆောင်ရန် မလွယ်ကူကြောင်း နယူးဒေလီထကြွမှု ဆိုသည့်အဖွဲ့က ပြောဆိုခဲ့သည်။

Source - Myanmar Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။