ပရိသတ်တွေ နှစ်သက်အားပေးကြတဲ့ မိုးဟေကို နဲ ့သင်ဇာဝင့်ကျော်တို ့အထူးပါဝင်သရုပ်ဆောင်သွားမယ့် သူ ့နာမည်ရွှေရုပ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပွဲကိုရွှေတိဂုံဘုရားမှာ ဒီနေ ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒီဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကရိုက်ကူးပုံဖေါ်သွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ ့မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ ထွန်းကိုကို၊ ထူးခြား၊ နေရဲ၊ မင်းခ၊ သိန်းလင်း၊ ရဲရင့်ထူး၊ နေ၊ အကယ်ဒမီဇင်ဝိုင်း၊ ဖိုးစီ၊ ဒေါ်အိအိစိုး၊ ခေးလရောင်၊ကြယ်စင်လိုှင်း၊ ဝင်းမြတ်သူဇာနဲ ့အခြားအနုပညာရှင်များစွာတို ့ပါဝင်ကြပါတယ်။

မော်ဒယ်နဲ ့သရုပ်ဆောင်မိုးဟေကိုဟာ ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက နှစ်သက်အားပေးခဲ့ကြပါတယ်။ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးအနေနဲ ့မိုးရုပ်ရှင်ထုတ်လုပ်ရေးကို လုပ်ကိုင်ဖြစ်နေသလို Moe Fabric House ပိုးထည်ဆိုင်လေးကိုလည်း ဦးစီးလုပ်ကိုင်နေတာကို တွေ ့ရပါတယ်။ ဇာတ်ကားအရိုက်နည်းသွားတဲ့အတွက် မိုးဟေကို ရဲ ့သရုပ်ဆောင်မှုတွေကို သူမရဲ ့ပရိသတ်တွေက ပြန်လည်တွေ ့မြင်ချင်ခဲ့ကြပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဇာတ်ကားမရိုက်ကူးဖြစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ မိုးဟေကို ရဲ ့အထူးသရုပ်ဆောင်ထားမှုတွေကို ပရိသတ်တွေက ပြန်လည်အားပေးနိုင်မှာဖြစ်ပါတယ်။ 

အမြဲဖက်ရှင်ကျလှပနေပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီး၂ လက် အထူးသရုပ်ဆောင်အနေနဲ ့ပါဝင်ရိုက်ကူးသွားမယ့် ဒီဇာတ်ကားကတော့ ပရိသတ်တွေစိတ်ဝင်တစားနဲ ့စောင့်မျှော်ကြည့်ရှု ့အားပေးရမယ့် ကားလေးပဲဖြစ်ပါတယ်။ ။ ကန်တော့ပွဲကို တက်ရောက်ဖြစ်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖေါ်ပြလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။