MBC က ရိုက်ကူးတဲ့ "Man Who Sets The Table" ဇာတ်ကားတွင် Girls' Generation အဖွဲ့မှ Sooyoung နဲ့ On Joo Wan တို့ ကမ်းခြေပေါ်မှာ အနမ်းပေးတဲ့ ပုံတွေ ပထမဆုံး ထွက်ပေါ်လာပါတယ်။ ဒီပုံ တွေဟာ စက်တင်ဘာလ ၉ ရက်နေ့က ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး Lee Ruri အဖြစ်သရုပ်ဆောင်တဲ့ Sooyoung နဲ့ Jun Tae Yang အဖြစ် သရုပ်ဆောင် တဲ့ On Joo Wan တို့ ညင်သာစွာ အနမ်းပေးနေပုံ လေးပါ။ သူတို့ နှစ်ယောက် ဟာ ဂူအမ် ကျွန်းမှာရှိ တဲ့ အပန်းဖြေရိပ်သာ တစ်ခု မှာ သူဌေး နဲ့ ၀န်ထမ်း အဖြစ်နဲ့ လည်းပြန်တွေ့ခဲ့ကြပါသေးတယ်။

ဒီ ပထမဆုံး အနမ်းပေးတာ ကတော့ တကယ့်ကိုထင်မှတ်မထားကြတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဇာတ်လမ်း ရဲ့ အစပိုင်းမှာ သူတို့ နှစ်ယောက်ဟာ လုံးဝမတည့်လို့ပါ။ ဇာတ်လမ်းမှာ On Joo Wan ကနေစပြီး သူ့ရဲ့လက်တစ်ဖက်ကို Sooyoung ရဲ့ လည်တိုင်လေးပေါ်ကို ညင်သာစွာ တင်လိုက် ပြီးနောက် အနမ်းပေးခဲ့တာပါ။ ရိုက်ကူးရေး အဖွဲ့ဝင် တစ်ဦးက ပြောဆိုရာမှာတော့ "သူတို့ စုံတွဲက အရမ်းကို လိုက်ဖက်နေပါတယ်။ အဖြူရောင်သဲသောင်ပြင် ရယ်၊ ပင်လယ်ပြာရယ်၊ နေရောင်ခြည် ဖြာဖြာအောက်မှာ သူတို့ရဲ့ ပထမဆုံး အနမ်းပေး နေပုံ ဟာ တကယ့်ကို ကြည်နူးစရာပါပဲ" လို့ပြောပါတယ်။

"Man Who Sets The Table" ဇာတ်ကားဟာ မိသားစု ဟာသကား တစ်ကားဖြစ်ပြီး လူလယ်လူလတ် အရွယ်အမျိုးသားတစ်ဦး ဟာ သူ့မိန်းမက သူ့ကို ကွာရှင်းပြတ်စဲ သွားပြီနောက် သူ့မိသားစုကိုပြန်လည် စုစည်းပုံကို သရုပ်ဖော်ထားတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကား ကို စက်တင်ဘာလ ၂ ရက်နေ့ကနေစပြီး ထုတ်လွှင့်ခဲ့ပါတယ်။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။