စက်တင်ဘာ ၁၀ ရက်နေ့က DIA အဖွဲ့ ရဲ့ Instagram စာမျက်နှာ မှာ အဖွဲ့ အနေနဲ့ အသေးစား ယာဉ်မတော်တဆမှု တစ်ခု ကြံုတွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ််။ DIA အဖွဲ့ဟာ ဖွဲ့စည်းထားတာ သိပ်မကြာသေးတဲ့ အမျိုးသမီး KPop အဖွဲ့လည်းဖြစ်ပါတယ်။ သူတို့ဟာ Goyang မှာ ပရိသတ်တွေကို ဖျော်ဖြေဖို့ အသွားလမ်းမှာ ယာဉ်မတော်တဆမှု နဲ့ ကြံုခဲ့ရတာပဲ ဖြစ်ပါတယ်။

Instagram စာမျက်နှာ ခေါင်းစဉ်မှာတော့ "ကျွန်မတို့ အနေနဲ့ အသေးစား ယာဉ်မတော်တဆမှု တစ်ခုကြောင့် Goyang မှာ ပရိသတ်တွေကို ဖျော်ဖြေဖို့ အတွက် စီစဉ်ထားတဲ့ အချိန်အတိုင်း အချိန်မှီ မရောက်နို်င်ခဲ့ ဘဲ နောက်ကျပြီးမှ ရောက်ခဲ့တာကို ကျွန်မတို့ အနူးအညွတ်တောင်းပန်ပါတယ်" လို့ဖော်ပြထားပါတယ်။ 

သူတို့ကဆက်လက်ပြီး ယာဉ်မတော်တဆ မှုကြောင့် ထိခိုက်ပျက်စီးမှု ကြံုတွေ့ခဲ့ရသူတွေ အားလုံးကိုတောင်းပန်လိုက်ပြီး သူတို့ရဲ့ ပရိသတ်တွေကို လည်း အနည်းငယ်နောက်ကျပြီးမှ ရောက်မှာကို နားလည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ DIA ရဲ့ ပရိသတ်တွေ ကတော့ သူတို့ နောက်ကျမှ ရောက်လာတဲ့ အတွက် အလွန်စိုးရိမ်ခဲ့ကြပါတယ်။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။