ကမ္ဘာ တစ်ဝှမ်း ပရိသတ်တွေ ထဲမှာ လူကြိုက်များတဲ့ ကိုရီးယား မင်းသားမင်းသမီးတွေ က ဘယ်သူတွေပါလိမ့်။ Rakuten Viki က သူ့ရဲ့ ၀က်ဆိုဒ်မှာ လူကြည့်အများဆုံး နဲ့ Follow လုပ်ခံရသူ အများဆုံး မင်းသားမင်းသမီး စာရင်းကို ပြုစုထားပါတယ်။ လစဉ်လတိုင်း ဒီ ၀က်ဆိုဒ်မှာ လူကြည့်အများဆုံး ထိပ်တန်း ၅ ယောက် မင်းသားရောမင်းသမီး စာရင်းကိုပါ ဖော်ပြပေးတာပါ။ ပြီးတော့ နိုင်ငံတကာကလူကြည့်များတဲ့ တက်သစ်စ မင်းသားမင်းသမီးတွေကိုပါ ထည့်သွင်းစဥး်စားထားပါတယ်။

သြဂုတ် လ အတွက် စာရင်းမှာတော့ နာမည် ကျော် စတားတွေ ဖြစ်တဲ့ Park Shin Hye နဲ့ Lee Min Ho တို့ပါ၀င်ကြပြီး မျက်နှာသစ် သရုပ်ဆောင်တွေ ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်တွေကစပြီး လူကြိုက်များလာတဲ့ Nam Joo Hyuk နဲ့ Lee Sung Kyung တို့လည်းပါ၀င်လာပါတယ်။ Lee Jong Suk ကတော့ စက်တင်ဘာလအတွက် လူကြိုက်အများဆုံး စာရင်းမှာ ပါ၀င်လာပါတယ်။ သူဟာ SBS ရဲ့ "While You Were Sleeping" ဇာတ်ကားမှာ သရုပ်ဆောင်ထားပါတယ်။

မင်းသား Kim Jung Hyun ကတော့ သြဂုတ်လ အတွက် စူပါစတား ဖြစ်ခဲ့ပါတယ်။ "School 2017" ဇာတ်ကားမှာ သူ့ရဲ့ သရုပ်ဆောင် မှုတွေကြောင့် လူကြိုက်များလာခဲ့ပါတယ်။ ထိပ်တန်းမင်းသား မင်းသမီး စာရင်းကတော့

မင်းသမီးစာရင်းမှာဆိုရင်တော့

1. Park Shin Hye
2. Lee Sung Kyung
3. Park Bo Young
4. Kim So Hyun
5. Ku Hye Sun

မင်းသားစာရင်းမှာဆိုရင်တော့

1. Lee Jong Suk
2. Lee Min Ho
3. Park Hyung Sik
4. Nam Joo Hyuk
5. Ji Chang Wook

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။