ဗီစီဒီသီချင်းလေးတွေမှာ သရုပ်ဆောင်ရင်း အနုပညာသက်တမ်းဆယ်နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချော ဆုပန်ထွာကတော့ သားသားလေးမွေးပြီးနောက် အနုပညာလှုပ်ရှားမှုလေးတွေပြန်လုပ်နေပါပြီ။

ချစ်စရာကောင်းပြီး ညိုချောလေးဖြစ်တဲ့ ဆုပန်ထွာဟာ ခေတ်ဆန်ဆန်ဖက်ရှင်လေးတွေထက် မြန်မာဆန်ဆန် အဝတ်စားလေးတွေနဲ့လိုက်ဖက်သူအဖြစ် နာမည်ကြီးခဲ့တာပါ။

လက်တလောမှာ မော်ဒယ်သရုပ်ဆောင်ထူးအောင် နဲ့အတူ သတို့သမီးဝတ်စုံနဲ့ ကြော်ငြာရိုက်ကူးပေးနေတဲ့ပုံလေးတွေမှာလည်း အရမ်းလှနေပါတယ်။

သားဖြစ်သူ Roar လေး တစ်နှစ်ပြည့်ခါနီးမှာ အနုပညာအလုပ်တွေပြန်လုပ်နေပြီး ကားရိုက်တွေကတော့ လက်ခံဦးမှာလားဆိုတာ မပြောတတ်သေးပါဘူး။

ကလေးတစ်ယောက်မေမေဖြစ်ပေမယ့် လှပနုပျိုနေသေးတဲ့ မပန် တစ်ယောက် သတို့သမီးဝတ်စုံလေးနဲ့ ကျက်သရေရှိနေလွန်းပါတယ်။

ရွှေဝါရောင် နဲ့ အနီရောင် ၀တ်စုံနှစ်စုံကို ၀တ်ဆင်ထားတာ သူမနဲ့အရမ်းလိုက်ဖက်နေပါတယ်။

ပရိသတ်ကြီးရော မပန်ကို ချစ်သေးရဲ့လား။  

Source : SuPanHtwar fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။