မြန်မာနို်င်ငံရဲ့ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ နွယ်နွယ်ထွန်းကတော့ ဂရိနိုင်ငံ ဆန်တိုရီနီ ကမ်းခြေမှာလန်းနေပါတယ်။ကမ္ဘာကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ဆန်တိုရီနီကမ်းခြေကတော့ ဂရိရောက်ရင် မသွားမဖြစ်သွားသင့်တဲ့နေရာတစ်နေရာပါပဲ။သူမကတော့ ကမ္ဘာပတ်လို့မပြီးသေးပါဘူး။သူမဟာ ခရီးသွားရတာနှစ်သက်သူတစ်ယောက်လဲဖြစ်ပါတယ်

အခုလဲ ကမ်းခြေမှာ ပုံစံအလန်းဝတ်ပြီးတော့ ကမ်းခြေမှာအပန်းဖြေနေပါတယ်။တကယ်လှပတဲ့ ကျွန်းကြီးတစ်ကျွန်းပါပဲ။ထိုကျွန်းကြီးနဲ့အပြိုင် သူမကလဲ လှပနေပါတယ်။နွယ်နွယ်ထွန်းဟာ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်ပြီး သူကိုအားပေးတဲ့ ပရိတ်သတ်လည်းများစွာရှိနေပါတယ်။ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့လှပတဲ့ ခန္ဓာကိုယ်လေးက ပရိတ်သတ်ကြွေစေတဲ့ အရာတွေပါပဲ။သူမဟာငယ်ရွယ်ပြီး ခေတ်ဆန်တဲ့မော်ဒယ်တစ်ယောက်လဲဖြစ်ပါတယ်။

စမတ်ကျကျဝတ်စားတတ်သူတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။နွယ်နွယ်ထွန်းဟာ ခရီးတွေဆက်တိုက်ထွက်နေပြီး အခုချိန်ထိပြည်ပခရီးမှာ ပျော်နေသူပါ။သူမရဲ့ ပုံအလန်းတွေကို ချစ်တဲ့ပရိတ်သတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။