အဆိုပါ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက် Facebook မှာ ကိုယ်ပိုင် Page ဖွင့်ထားတဲ့ သဲ Teddie ko ဆိုတဲ့အမည်နဲ့ ဖေ့ဘုတ်ဆယ်လီ က တင်ထားတာပါ။

Follower တွေများနေပြီး ဟာသဗီဒီယိုလေးတွေတင်လေ့ရှိတဲ့ ဖေ့ဘုတ်ဆယ်လီ Teddie ko ဟာ ပျော်စေပျက်စေသဘောနဲ့ ဇွဲထက်ရွှေဆိုင်ကြော်ငြာရိုက်ထားတဲ့ မင်းသမီးတွေရဲ့ ပုံအတိုင်း တထေရာတူအောင် နောက်ပြောင်ထားတာပါ။

သူဟာ သူများနဲ့မတူအောင် အဆိုတော်တွေရဲ့ သီချင်းနဲ့ တေးသရုပ်ဖော်ကို ဟာသနှောပြီး တင်ဆက်နေတဲ့ ဆယ်လီတစ်ဦးအဖြစ် လူပြောများနေသူဖြစ်ပါတယ်။

အခုတစ်ခေါက်မှာတော့ Teddie Ko တစ်ယောက် ဇွဲထက်ရွှေဆိုင်ရိုက်ကွင်းက မင်းသမီးတွေရဲ့ မျက်နှာအမူရာစတိုင်အတိုင်း ပြန်လည်တုပပြီး စနောက်ထားတဲ့ ပုံလေးတွေက ပရိသတ်တွေကြား ရေပန်းစားနေပြန်ပါတယ်။

မကြာသေးမီရက်ပိုင်းက ဇွဲထက်ရွှေဆိုင်ကြော်ငြာရိုက်ကူးပေးထားတဲ့ မင်းသမီးတွေဖြစ်တဲ့ အူဝဲ ၊ ဖွွေးဖွေး ၊ သက်မွန် ၊ သင်ဇာဝင့်ကျော် နဲ့ ရွှေမှုန်ရတီတို့ရဲ့ ဟန်ပန်အတိုင်း အဝတ်အစားကအစ ပြင်ဆင်ပြီး ရိုက်ထားတာပါ။

အခုလို တင်ရတာ ပျော်စေချင်ရုံသပ်သပ်ဖြစ်ကြောင်း နဲ့ သူ့ကြောင့် ပြုံးရုံလေးပြုံးလိုက်တယ်ဆိုရင်ကိုပဲ ကုသိုလ်ရပါတယ်ဆိုပြီး ဘယ်သူ့ကိုမှ လှောင်ပြောင်ချင်ရုံစိတ်မရှိပဲ တင်တာဖြစ်တယ်လို့ ပြောထားပါသေးတယ်။

ဒီလို ဟာသလုပ်ဖို့ကလည်း အချိန်ရယ် အဝတ်စားရယ် မိတ်ကပ်အပြင်အဆင်ရယ်လိုသေးတာကြောင့် လွယ်တော့မလွယ်လှပါဘူး ပရိသတ်ကြီးရေ.

တစ်ပုံချင်းဖတ်ပြီး အားပေးလိုက်ပါဦး ။ 

Source : Teddie Ko fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။