ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံရဲဒိတ်ဒိတ်ကျဲနှစ်ယောက်ကတော့ ဆမ်ဆောင်းရဲ့ကြော်ငြာဓာတ်ပုံကိုအတူတွဲရိုက်နေပါပြီ။အနက်အမှောင် ကာလာနဲ့ရိုက်ကူးထားတာဖြစ်ပြီး အခြားကြော်ငြာဓာတ်ပုံတွေနဲ့မတူဘဲ ပုံစံဆန်းလေးရိုက်ကူးနေတာဖြစ်ပါတယ်။နှစ်ယောက်စလုံးကတော့ စမတ်ကျလှပနေပြီး အရမ်းလည်းလန်းနေပါတယ်။

သရုပ်ဆောင်နေတိုးကတော့ မြန်မာနို်င်ငံရဲ့ပရိတ်သတ်ရဲ့အများဆုံးမင်းသားတစ်ယောက်ပါပဲ။ဇာတ်ကားတွေကိုအမြဲတမ်း

ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပါတယ်။သရုပ်ပီပြင်တဲ့မင်းသားဖြစ်ပြီး မြန်မာနိုင်ငံရဲ့သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားတစ်ယောက်ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတင်မဟုတ်ပါဘူး ကြော်ငြာတွေနဲ့ MTV တွေမှာလဲ များစွာရိုက်ကူးရတဲ့မင်းသားဖြစ်ပါတယ်။

ဖွေးဖွေးကတော့ တော်တော်လေးအလုပ်ရှုပ်နေတာပါ။သူမဟာမေမြို့မှာရိုက်ကူးရေးရှိနေတာပါ။

သို့ပေမဲ့ကြော်ငြာရိုက်ရန်အတွက် ရန်ကုန်ကိုအမြန်ပြန်လာတာဖြစ်ပါတယ်။မနက်ဖြန် (၅)နာရီမှာ မေမြို့ကိုပြန်ပြေးရအုံးမယ်လို့သူမရဲ့ဖေ့ဘုတ်ပေ့မှာ ရေးသားထားပါတယ်။ပရိတ်သတ်ချစ်တဲ့ သူတို့နှစ်ယောက်စလုံးရဲ့ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။