သူမဟာ အမေရိကန်မှာပြုလုပ်တဲ့ နယူးယောက်ဖက်ရှင်week ကို တက်ရောက်ခွင့်ရတဲ့ မြန်မာပြည်ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်နေပါတယ်။

ချီချီလို့ မိန်းကလေးပရိသတ်တွေပါးစပ်ဖျား ရေပန်းစားနေတဲ့ နေခြည်ဦး ဟာ Beauty By Naychi ဆိုတဲ့ နာမည်လေးနဲ့လူမှုကွန်ရက်မှာ အလှအပ ဖက်ရှင်နဲ့ဆိုင်တဲ့ ဗဟုသုတရဖွယ်လေးတွေ တင်ပေးနေတဲ့ Beauty Blogger တစ်ယောက်ဖြစ််ပါတယ်။

အလှအပဆိုင်ရာ အကြံဉာဏ်လေးတွေသာမက လူငယ်တွေအတွက် အားတက်စေမယ့် စကားလေးတွေလည်း Live လွှင့်ပြီးပြောလေ့ရှိတာကြောင့် Follower အများဆုံးဖြစ်နေတဲ့ Socail Influenzer အဖြစ်လည်း နာမည်ကြီးနေသူပါ။

လက်တလောမှာတော့ ချစ်စရာကောင်းတဲ့အသွင်ပြင်လေးတွေနဲ့စကားပြောသွက်လက်လွန်းတဲ့ ချီချီလေး ကမ္ဘာကျော်လူသိများတဲ့ ဗစ်တိုးရီးယားစီးခရက်မော်ဒယ်တွေစုံစည်းရာ NewYork Fashion Week ကို တက်ရောက်နေတယ်လို့သိရပါတယ်။

အဲ့ဒီပွဲဟာ Maybelline အလှကုန်တွေကို ပွဲထုတ်တဲ့ပွဲမို့ သူမကိုယ်တိုင်လည်း Maybelline အလှကုန်ပစ္စည်းတွေနဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သထားသလို ခေါင်းအစခြေအဆုံးကို ရွှေအိုရောင်ဖက်ရှင် နဲ့ ဆင်မြန်းထားပါတယ်။

အမြဲတမ်းဖက်ရှင်ကျကျဝတ်လေ့ရှိတဲ့ သူမအတွက်တော့ မဆန်းလှပေမယ့် အခုလို Makeup Look လေးနဲ့ သူမဝတ်ဆင်ထားတဲ့ အဝတ်အစား အိတ် ဖိနပ်တွေကတော့ မိန်းကလေးပရိသတ်တွေအတွက် အကြိုက်တွေ့စေတာပါပဲ။

ချီချီ ကတော့ Victoria Secret ရဲ့ အလှနတ်သမီးတစ်ပါးဖြစ်တဲ့ နာမည်ကြီးမော်ဒယ် Adriana Lima နဲ့ တွေ့ဆုံပြီး အတူအင်တာဗျုးခဲ့သေးတယ်လို့ ဆိုပါတယ်။

သူမအတွက် အမှတ်ရစရာနေ့လည်းဖြစ်တယ်လို့ ချီချီ က သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။ 

Source : Beautybynaychi fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။