အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန်ဖြစ်သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ ၊ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်⁠သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာမိကွန်ထော ဖြစ်သည်။အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။

မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိမ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝန်ရိုးစွန်းမီး ၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်သည်။ ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည် ။

၁၉၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့်ရာဇဝင်များရဲ့သတို့သမီးသီချင်းကြောင့်ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရသည်။သီချင်းသည်မြန်မာနိုင်ငံ၏အဓိကရေစီးကြောင်းဖြစ်သည့်ဧရာဝတီမြစ်ကိုဖော်ကျူးထားသော်လည်းဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရည်စူး၍ရေးသားထားသည်ဟုအများကထင်ကြသည်။ထို့ကြောင့်သူ၏ဖျော်ဖြေတင်ဆက်ရေးပွဲများကိုစစ်အစိုးရမှပိတ်ပင်ခဲ့သည်။၁၉၈၈အရေးအခင်းအပြီးတွင်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ်အဆိုတော်မွန်းအောင်နှင့်အတူခေတ္တမျှတာဝန်ထမ်းဆောင်ခဲ့သည်။"အရေးကြီးပြီ"ဆိုသောတိုက်ပွဲဝင်သီချင်းကိုထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။နောက်ဆုံး သီချင်းခွေအတွက် Oasisတေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀⁠၀၄ နံနက် ၁၁:၄၀ အသက် ၄၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ 

အမည်ရင်း - ကျော်မြင့်လွင်

မွေးဖွားနှစ် - ၁ ဇူလိုင်၊ ၁၉၆၃

မွေးဖွားရာဒေသ - ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး

ကွယ်လွန်ချိန် - ၁၄ ဩဂုတ်၊ ၂၀၀၄ (အသက် ၄၁)

အခြား အမည်များ - သျှပ်၊ ဘဲဥ၊ ငှက်ကြီး

အလုပ်အကိုင် - အဆိုတော်၊ တေးရေးသူ

တက်ကြွလှုပ်ရှားနှစ်များ ၁၉၈၆–၂၀၀၄

မိဘ(များ) - ဦးထွန်းမြင့်၊ ဒေါ်မြရီ

ဂီတဟန် - ရော့ခ် ဂီတ၊ ပေါ့ရောခ်

တူရိယာ - ဂစ်တာ၊ ပီယာနို၊ ဒရမ်

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။