စာရေးသူတို့ငယ်စဉ်ကတည်းကနားထောင်ခဲ့ဖူးသည့်သိုးမည်းတွေအကြောင်း၊သိပ်ချစ်တာပဲ၊ပျိုပျိုမေ၊ဖုတ်လိုက်ဖုတ်လိုက်၊အဆက်ဟောင်းအစရှိသည့်တေးသီချင်းကောင်းများစွာသီဆိုခဲ့သူဗဒင်အကြောင်းသိမှတ်ဖို့ရာကို ပြန်လည်ဖော်ညွှန်းလိုက်ပါသည်။ ဗဒင်သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံးအဖြစ် စံချိန် တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၂ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ အသားဖြူ၍ အရပ်မြင့်ပြီး ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ 

ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

ဗဒင်၏လေးစားစရာကောင်းသောအမူအကျင့်တစ်ခုမှာဟန်မလုပ်တတ်ခြင်းနှင့်ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းနေထိုင်တတ်ခြင်းဖြစ်သည်။အောင်မြင်ကျော်ကြားလာသော်လည်း သူ၏ ပုံသဏ္ဌန်မှာ မပြောင်းလဲပဲ ယခင်နေထိုင်နေကျ အတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။ အင်းစိန်မြို့အတွင်း ဆိုက်ကားတစ်စီးဖြင့် လှည့်ပတ်သွားလာနေလေ့ရှိပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အတွင်းမှ ထန်းရည်ဆိုင်တွင် မကြာခဏ ဆိုသလို တွေ့ရတတ်သည်။ နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယနှင့် နောက်ဆုံးစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

“ ထွက်ရှိခဲ့သော တေးစီးရီးများ”

နေရာ

အရှိအတိုင်း

ဒီနေ့

“ထင်ရှားကျော်ကြားဗဒင်သီချင်းများ” (ဘယ်သီချင်းကြိုက်လဲပြောခဲ့နော်)

ဖုတ်လိုက် ဖုတ်လိုက်

စိတ်နာနာနဲ ့ချစ်နေမိတယ်

အချစ်ဆုံးကြီး

ဝေးဝေးကအိမ်လေး

အဆက်ဟောင်း

အဆင့်သင်ဖြစ်ခဲ့ပြီ

ခါးခါးသီးသီး

ဒီနေ ့

သနပ်ခါးချစ်သူ

ကိုယ်သိပ်မှားတယ်

အနားနာ

ထမ်းထုတ်သွားခဲ့ပြီ

ဒီတစ်သက်တော့

သီအိုရမ်

သိုးမည်းတွေအကြောင်း

သိပ်ချစ်တာဘဲ

တိုက်တိုက်ဆိုင်ဆိုင်

အဟောင်းဆိုင်

နေရာ-၁

နေရာ-၂

နောင်တ

ချစ်အသည်းကျော်မလေး

ဒီအတိုင်းဘဲဆင်းလာခဲ့

ပျိုပျိုမေ

အရာရာမင်း

ပြန်လာမယ်ပြန်ချစ်မယ်

ဖုတ်လိုက်ဖုတ်လိုက်

ချစ်တာမင်းတစ်ယောက်တည်း

ဘာသာပြန်

Aung

Source : internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။