ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ ပါ၀င်သရုပ်ဆောင်တဲ့ မြန်မာမင်းသား၊မင်းသမီးအကုန်လုံး အကယ်ဒမီဆု ဆွတ်ခူးရရှိနိုင်ခဲ့တာဖြစ်ပြီးဒါရိုက်တာကတော့ မရရှိခဲ့ပါဘူး။ဒီဇာတ်ကားကတော့ ဒါရိုက်တာ ၀ိုင်း ပုံဖော်ရိုက်ကူးခဲ့သည့် “နင်စေရင်”ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ပါ၀င်သရုပ်ဆောင်များမှာ ပြေတီဦး၊၀တ်မှုန်ရွှေရည်၊မင်းဦးတို့ဖြစ်ပြီး သရုပ်ဆောင်(၃)ယောက်စလုံးအကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့သည်။ နင်စေရင်ရုပ်ရှင်ဇာတ်ကားကြီးအား ဒါရိုက်တာ ဝိုင်း (Own Creator)မှ စာရေးဆရာ နေနော်၏ ဝတ္တုကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချီခဲ့သည်။ 

တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်စုံမက်ကြသော မိုးဆွေနှင့် ဝတ်ရည်ချိုတို့နှစ်ဦး အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာခဲ့ကြသည်။ "မင်းသာသေစေချင်တယ်ဆိုရင် ငါသေဖို့အသင့်ပဲ"ဟု တိုင်တည်ရလောက်အောင်ပင် မိုးဆွေသည် ဝတ်ရည်ချိုအပေါ် ချစ်မြတ်နိုးခဲ့သည်။ တနေ့ မိုးဆွေ ပြောင်းလဲနေပြီဖြစ်သော သူ၏ချစ်သူ ဝတ်ရည်ချိုနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ သူမသည် သူမ၏အမည်ကိုပင် ဂါးဂါးဟု ပြောင်းလဲထားခဲ့သည်။ ဝတ်ရည်ချိုက သူမ၏အခြေအနေတွေသည် သူမတို့နှစ်ယောက် ဘယ်တော့မှ နှစ်ကိုယ်တူမနေရတော့နိုင်ဟု ဆွေးမြေ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးထားခြင်းဖြစ်သည်။

၂၇ ဒီဇင်ဘာ ၂၀၁၄ ၌ ကျင်းပသော မြန်မာရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား၌ ထိုရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ကြသော ပြေတီဦးနှင့် ဝတ်မှုန်ရွှေရည်တို့သည် ၂၀၁၃ နှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုများ အသီးသီးရရှိခဲ့ကြပြီး ဇာတ်ပို့အဖြစ်ပါဝင်သရုပ်ဆောင်သူ မင်းဦးမှာလည်း အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့သည်။

ပါ၀င်ဇာတ်ကောင်များ

မိုးဆွေအဖြစ် ပြေတီဦး

သီဟစည်သူအဖြစ် မင်းဦး

ဝတ်ရည်ချို (ခ) ဂါးဂါးအဖြစ် ဝတ်မှုန်ရွှေရည်

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။