လူတိုင်းဘဝမှာ နောင်တရခဲ့တဲဲ့အရာတွေတော့ ရှိဖူးကြမှာပါ ။

လူတွေထဲကလူပဲမို့ ကမ္ဘာကျော် ဆယ်လီတွေမှာလည်း ဒီလို အခိုက်အတန့်တွေရှိခဲ့ဖူးပါတယ် ။

အဆိုတော် ရီဟားနားကတော့ သူမဘဝရဲ့ နောင်တရမိတဲ့ အရာတစ်ခု ပြောင်းလဲချင်တဲ့အကြောင်းဖွင့်ဟပြောဆိုခဲ့ပါတယ် ။

ကမ္ဘာကျော် မျက်လှည့်ဆရာ ဒေးဗစ် ကိုပါဖီးလ် က သူ့ရဲ့ စွမ်းရည်တွေနဲ့ ကမ္ဘာကြီးထဲက ဘယ်နေရာကို ပို့ ပေးရမလဲလို့ မေးမြန်းရာမှာ

ရီဟားနားက ပရိတ်သတ်တွေ အံ့အားသင့်စေမယ့် အဖြေကို ဖြေလိုက်တာပါ ။

" ကျွန်တော်မနောက်ဘူးနော် ။ ဒါတကယ်ကမ်းလှမ်းတာပါ ။ ကျွန်တော် ခင်ဗျားကိုပျောက်ကွယ်သွားပြီး ကမ္ဘာတစ်နေရာမှာပေါ်လာအောင်လုပ်နိုင်တယ် ။

ခင်ဗျား ဘယ်ကိုသွားချင်လဲ ။ ပြီးတော့ ဘာကြောင့်လဲ " လို့ ဒေးဗစ်ကမေးတဲ့အခါ ရီဟားနားက ခေတ္တစဉ်းစားပြီးတော့

" ကျွန်မအပျိုရည်မပျက်ခင် ဆယ်မိနစ်အလိုအချိန်ကိုပါ ။ ပြီးတော့ ကျွန်မတကယ်တမ်းတောင်းဆိုပါတယ် " လို့ပြန်လည်ပြောကြားခဲ့ပါတယ် ။

ပထမဆုံးအကြိမ် အတူအိပ်မိတဲ့ခဏတာအတွက် နောင်တရမိကြောင်းကိုလည်းပြောခဲ့ပြီး ထိုသူကဘယ်သူလဲဆိုတာတော့မပြောခဲ့ပါဘူး ။

ရီဟားနားဟာ ဂီတလောကရဲ့ ကျော်ကြားတဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့ အချစ်ရေးကလည်း လူစိတ်ဝင်စားခံရဆုံးစာရင်းထဲမှာပါပါတယ် ။

ခုလက်ရှိမှာတော့ ဆော်ဒီဘီလျံနာ ဟက်ဆန်ဂျမီးလ် နဲ့ တွဲခုတ်နေတဲ့ သူမဟာ ဒရိတ် ၊ ခရစ်ဘရောင်း တို့လို နာမည်ကျော်တွေနဲ့လဲ ယခင်ကတွဲခဲ့ဖူးပါတယ် ။

သတင်းအရင်းမြစ် opinion leaders media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။