ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ ကွာရှင်းပြီးနောက် တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်အပေါ် မိခင်အနေနဲ့ အချစ်တွေပိုခဲ့ပါတယ်။ သားဖြစ်သူနဲ့ အချိန်ကြာကြာ အတူရှိနေနိုင်ပြီး အုပ်ထိန်းစောင့်ရှောက်ပေးချင်တာဟာ မိခင်တိုင်းရဲ့ မေတ္တာဆန္ဒပါပဲ။ သားဖြစ်သူနဲ့ တွဲရိုက်တဲ့ ဓာတ်ပုံတိုင်းမှာ မေသန်းနုရဲ့အပြုံးဟာ အရင်ကထက် ပိုပြီးတောက်ပနေတာကို တွေ့ရမှာပါ။

လက်ရှိမှာ ပါမောက္ခဒေါက်တာခင်မောင်ဝင်းရဲ့ “အမေနဲ့ကျွန်တော်”ဝတ္ထုကို ဒါရိုက်တာစင်ရော်မောင်မောင် ပြန်လည်စိတ်ကူးပုံဖော်ကာရိုက်ကူးတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားမှာ ဝတ္ထုရေးဆရာရဲ့ မိခင်နေရာကနေ မေသန်းနုက သရုပ်ဆောင်ထားပါတယ်။

” ဒီဇာတ်ကားက ဆရာကြီးခင်မောင်ဝင်းရဲ့ အောင်မြင်ပြီး လူသိများတဲ့ဝတ္ထုပါ။ အဲဒီတော့သရုပ်ဆောင်ရတာကမတူဘူး။ ဆရာ့ရဲ့အောင်မြင်ပြီးသားဝတ္ထုကို ဆက်လက်အောင်မြင်ဖို့အတွက် ဒီဇာတ်ကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေမှာ တာဝန်အပြည့်ရှိပါတယ်။ အဓိကကတော့မဆင့်ပေါ့နော်။ ဆရာ့အမေရဲ့အသွင်အပြင်၊ ဝတ်စားဆင်ယင်မှုတွေကိုလည်း တစ်ထပ်တည်းကျအောင် ပြင်ဆင်ရပါတယ်။ ဆရာကြီးရဲ့ အမေကသားသမီး ၇ ယောက်ကို Guide Line ချပေးပြီး ထူးချွန်ထက်မြက်တဲ့သားသမီးတွေ၊ အရာရှိ၊ အရာခံတွေ ဖြစ်အောင် ပြုစုပျိုးထောင်နိုင်တဲ့အမေ။ အဲဒီလိုအမေရဲ့နေရာမှာ သရုပ် ဆောင်တဲ့အခါမှာ အတွေ့အကြုံအရဆို ဒီအမေကို စံပြအမေလို့ ခေါ်ရမှာပဲ။ ဆရာ့အမေရဲ့စိတ်ဓာတ်၊သတ္တိ၊အရည်အချင်းတွေကို ဒီဇာတ်ကားမှာ ကိုယ်တိုင်သရုပ်ဆောင်ပြီး ရိုက်မှပဲလေးစားရတယ်” လို့ ပြောပါတယ်။

ဇာတ်ကားရိုက်ကူးရင်း အမေ့ကို ပြန်လည်သတိရသွား ကြောင်းကိုလည်း မေသန်းနုက ” ဒီဇာတ်ကားရိုက်ကူးနေချိန်မှာ မဆင့်ရဲ့အမေကို သတိရတယ်။ မဆင့်အမေက သား သမီး၁၂ ယောက်တောင် မွေးခဲ့တာ။ ဒီသားသမီးတွေကို ကျွေးမွေး ပြုစုခဲ့ရတာတွေ၊ သားသမီးတွေရဲ့ ဆိုးမွေ၊ ကောင်းမွေဒဏ်တွေကို ဘယ်လိုများ ခါးစည်းခံခဲ့ရလဲ၊ ဘယ်လောက်များ ပူပင်သောကတွေ ရောက်ခဲ့ရမလဲဆိုတာ အရင်ထက်ပိုတွေးမိပြီး အမေ့ကို ကိုယ်ချင်းစာမိတယ်။ အမေလည်းမရှိတော့ဘူးဆိုတော့ ပြန်တွေးတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။

သားဖြစ်သူ စင်ရော်မောင်မောင်နဲ့ ပတ်သတ်ပြီးတော့လည်း

" မဆင့်မှာလည်းသား တစ်ယောက်ရှိတယ်။ ဒီသားလေးအတွက်ကို အစစ အရာရာ ပူပန်ပေးရပါတယ်။ အဲဒီအတွက် မိခင်တိုင်းသားသမီးတွေ အပေါ်ထားရှိတဲ့ ခံစားချက်တွေကို နားလည်ပါတယ်” လို့ ပြောပါတယ်။ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကို သားဖြစ်သူ မင်းသန့်မောင်မောင်ကပါ တွဲဖက်ဒါရိုက်တာအနေနဲ့ ပါဝင်ရိုက်ကူးတဲ့အတွက် သားနဲ့အတူ အနုပညာအလုပ်တွေ လုပ်ခွင့်ရလို့ အင်မတန်ဝမ်းသာ ပျော်ရွှင်ရ ပါတယ် "လို့ မေသန်းနုကပြောပြခဲ့ပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။