သားလေးမွေးတဲ့မေသွန်းခ

မေသွန်းခဆိုတဲ့ချစ်စရာမော်ဒယ်လေးကို

ပရိသတ်ကြီးမှတ်မိကြဦးမယ်ထင်ပါတယ်။

ရွှေပြည်နန်းကြော်ငြာထဲကချစ်စရာကောင်မလေး

ဆိုသိလောက်ပါပြီနော်။မေသွန်းခတစ်ယောက်

ပညာရေးတစ်ဖက်နဲ့မို့အနုပညာအလုပ်တွေနဲ့

ဝေးကွာနေခဲ့ပါတယ်။

နိုင်ငံခြားကပညာတွေသင်ပြီးပြန်လာတော့လည်း

မေသွန်းခလေးဟာချစ်ရတဲ့ချစ်သူနဲ့

အိမ်ထောင်ပြုလိုက်ပြန်ပါတယ်။အိမ်ထောင်ရှင်

ဘဝကိုခံယူလိုက်တဲ့အတွက်သူ့အတွက်အနုပညာ

အလုပ်တွေနဲ့ဝေးသထက်ဝေးသွားခဲ့ရရှာပါတယ်။

အိမ်ထောင်ရှင်မကြီးမေသွန်းခဟာ

သူအရမ်းချစ်တဲ့ချစ်သူနဲ့အတူပျော်ရွှင်စွာနေထိုင်နေပြီး

အခုတော့သားသမီးရတနာလေးရခဲ့ပါတယ်။

Alexလို့Nicknameပေးထားတဲ့သားကလေးဟာ

မေသွန်းခတို့ရဲ့ဘဝထဲကိုကဝင်ရောက်

လာခဲ့ပါပြီ။မေသွန်းခတို့ဇနီမောင်နှံကတော့သားကလေး

ရဲ့မျက်နှာကိုကြည့်မဝနိုင်အောင်ဖြစ်ပြီး

အလွန်ပျော်နေကြပါတယ်။ပရိသတ်ကြီးလည်း

သားလေးAlex ရဲ့ချစ်စရာကောင်းလှတဲ့မျက်နှာလေးကို

ကြည့်ုကြပါဦး။

Source-May Thun Kha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။