အဆိုတော် အောင်ရင်ရဲ့ သားမိုးအောင်ရင် ဟာ မူယစ်ဆေးဝါးအမှုနဲ့ အဖမ်းခံလိုက်ရတယ် လို့ သတင်းရရှိခဲ့ပါတယ်။

ဒီသတင်းကို တော့ မိုးအောင်ရင်ရဲ့ ဖခင်ကိုယ်တိုင် သူ့၏ ဖေ့ဘွတ် အကောင့် မှာ တင်ခဲ့တာကို screen shot ရိုက်ထားတဲ့ပုံက ပြန့်နှံ့လာပါတယ်။

'အားလုံးကိုဝမ်းနည်းစွာနဲ့ သတိပေးချင်ပါတယ်။ ကျွန်တော်မကြုံချင်တဲ့နေ့ကို မနေ့ညက စိတ်မကောင်းကြီးစွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ကျနော့သားနဲ့ သူ့သူငယ်ချင်း ကို မူယစ်စျေးဝါးသုံးစွဲမှုနဲ့ မနေ့ညက အဖမ်းခံလိုက်ရပါတယ်။ ကျနော့သွန်သင်ဆုံးမမှု အင်မတန်ညံ့ဖျင်းခဲ့လို့ထင်ပါတယ်။' ဟုဆိုခဲ့ပြီး 'မိဘတိုင်း ဒီလိုသောက မျိုးတွေကင်းဝေးကြပါစေ' ဆိုပြီး ဆုတောင်းထားပါတယ်။

ခိုင်လုံတဲ့ သတင်းတော့ မရရှိသေးပါဘူး။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။