ပရဟိတ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ နှင့် လူရွှင်တော် ဦးညီဂျော် တို့သည် စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပရဟိတ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ အဖြူရောင်တွဲလက်များ ပရဟိတအသင်း(၁)နှစ်ပြည့် အတွက် ပရဟိတဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထို ဟောပြောပွဲကို လာရောက်ခဲ့တဲ့ ပရိသတ်များ များပြားခဲ့တဲ့အတွက် လမ်းမကြီးထက် လျှံထွက်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ဦးကျော်သူ အသုံးပြုတဲ့ fb စာမျက်နှာတွင် အခုလို ရေးသားထားပါတယ်။

"ယနေ့ညမကွေးတိုင်း ပွင့်ဖြူမြို့ရှိ အဖြူရောင်တွဲလက်များ ပရဟိတအသင်း(၁)နှစ်ပြည့် ပရဟိတဟောပြောပွဲအား ကျင်းပခဲ့ရာ ကျွန်တော်နှင့်ညီဂျော်တို့သည် စစ်ကိုင်းမြို့မှ ညနေ၅:၀၀နာရီခန့်တွင် ရောက်ရှိခဲ့ရာ ညဖက်တွင် ပွင့်ဖြူမြို့သုဿန်ရှိမီးသင်္ဂြိုလ်စက်အား သွားရောက်လေ့လာခဲ့ပြီးနောက် ဗိုလ်ချုပ်လမ်းမကြီးနှင့် သန့်စင်လမ်းထောင့်မြို့လယ်လမ်းမကြီးရှိ စတိတ်ခုံတွင်ဟောပြောခဲ့ရာ မြို့လယ်လမ်းမကြီးတစ်ခုလုံး ပြည့်လျှံစွာကြိတ်ကြိတ်တိုးဝှေ့အောင်မြင်ခဲ့ပါသည်။

ယနေ့(၁၁.၉.၂၀၁၇)ရက်နေ့ ကောလဟာလသတင်းဆိုးများထဲမှ ကြိတ်ကြိတ်တိုးလာရောက်၍ ပရဟိတကိုစိတ်ဝင်စားကြသော ပွင့်ဖြူမြို့မိဘပြည်သူ ကျောင်းသားလူငယ်များအား အထူးလေးစားမိပါကြောင်း ဗြဟ္မစိုရ်စိတ်ဓါတ်များ ပွင့်ဖြူမြို့တွင်လွှမ်းခြုံစေခဲ့ပြီဟု ယုံကြည်မိပါတော့သည်။" ဟု ပြောကြားထားပါတယ်။

လတ်တလောတွင် ဦးကျော်သူသည် ပရဟိနှင့် နာရေးကူညီမှုအသင်းထူထောင်ထားပြီး ပြည်သူအကျိုးပြု လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လတ်တလောတွင် ဖြစ်ပွားနေသော ရခိုင်ဒေသမှ အကြမ်းဖက်ခံ ပြည်သူများများကိုလည်း တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီနေတာလည်း ဖြစ်ပါတယ်။ အနုပညာပိုင်းမှာလည်း ရံဖန်ရံခါ ရိုက်ကူးပါဝင်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။