ငါးအရိုးစူးတဲ့ အရသာကို ကိုယ်တိုင်ခံစားဖူးတာမို့ တကယ်ကို ကြောက်ပါတယ်။ အရမ်း ခံစားရ ခက်တယ်ဆိုတာလည်း အားလုံး သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒီလိုမဖြစ်ရလေအောင် ငါးအရိုးစူးလျှင် အလွယ်တကူ သက်သာပျောက်ကင်းနိုင်မဲ့ အိမ်တွင်းကုထုံး ဆေးမြီးတိုများကို ဖော်ပြပေးလိုက်ပါတယ်။ မိမိနဲ့ သင့်တော်ရာ၊ အဆင်ပြေရာနည်းကို အလွယ်တကူပဲ ပြုလုပ်နိုင်ပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ ခေတ္တမျျ ငုံထားပါ။ အရည်ကို ဖြည်းဖြည်းချင်း မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပါလိမ့်မယ်။

(၂) ငှက်ပျောသီး စားပါ။ ဖီးကြမ်းဆိုရင် ပိုပြီး သင့်တော်ပေမဲ့ ဘာငှက်ပျောသီးဖြစ်ဖြစ် စားနိုင်ပါတယ်။ ငါးအရိုးက ငှက်ပျော်သီးနဲ့ အတူ ဆင်းသွားပါလိမ့်မယ်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးက အချွဲများနှင့်အတူ ကျသွားမယ်။

(၄) သံပုရာသီး သို့မဟုတ် သံပရိုသီးကို ၄ စိတ်ခွဲ၍ အာခေါင်ထဲသို့ တစ်စိတ်ချင်းစီ အရည်ညှစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်း ပျောက်ကင်းသွားလိမ့်မယ်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ၀ါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မယ်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါတယ်။

(၇) သံလွင်ဆီအနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာရင်လည်း ဒီနည်းအတိုင်း လုပ်လို့ရပါတယ်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၄င်းတို့မှာ ပါ၀င်တဲ့ Acid က ငါးရိုးများကို အမြန်ကျေသွားစေပါတယ်။

(၉) အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ Coke, Pepsi စတဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါတယ်။

သတိပြုရန် -

ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။ အထက်ပါနည်းလမ်းများကို မိမိနှင့် သင့်တော်ကိုက်ညီမှု ရှိတဲ့ နည်းလမ်းကို ဦးစားပေးပါ။ ဥပမာ - အချိုရည်နဲ့ မတည့်တဲ့ သူက အချိုရည် သောက်ရတဲ့ နည်းလမ်းကို မသောက်သင့်သလို သွေးပေါင်ကျတတ်တဲ့ သူကလည်း သံပရည်ကို မသောက်သုံးသင့်ပါဘူး။

ဒီအချက်လေးတွေကို သိရှိပြီး ကိုယ်တိုင်ပဲ ဖြစ်စေ၊ မျှဝေခြင်းဖြင့် ဖြစ်စေ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ ရှင် ….. ။

သတင်းအရင်းအမြစ် - ဆေးမြီးတိုများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။